တန်ဘိုးရှိသောပုံပြင်လေးများ (Valuable Stories_Moral Story of The Goose with Golden Eggs) Episode 6
ချစ်လှစွာသောမြန်မာစတီးမစ်မိသားစုဝင် အပေါင်းတို့ မင်္ဂလာပါခင်ဗျာ။
Mingalar par. My dear Myanmar steemians families.
လူတိုင်းလူတိုင်းတွင် သဘာဝတရားကပေးထားသော တူညီသည့် အဓိကကျသည့် အဖိုးတန်အရာတစ်ခုစီတော့ ရှိနေပါတယ်ဗျာ.... လူသားအားလုံးကတော့ အဲဒီအရာကို ညီတူညီမျှအသုံးပြုခွင့်လည်း ရရှိထားကြတယ်... ထိုအရာကို အချို့သောသူများက ကောင်းစွာအသုံးချကြသော်လည်း အချို့သောသူများကလည်း ကောင်းစွာ အသုံးမချကြသူာသူများ၊ ဘာမှ အသုံးမချကြသူများကိုလည်း မြင်တွေ့နေရပါတယ်... မိတ်ဆွေအပေါင်းတို့ ကျွန်တော်တို့ကတော့ ဘယ်အတွက် ထိုအရာကို အသုံးချခဲ့ကြပါသနည်းလို့ ကိုယ်တိုင်ပြန်လည် စဉ်းစားသုံးသပ်ကြည့်ရမည်ဖြစ်ပါသည်။ ဒီလိုတွေပြောနေတော့ အဲဒါက ဘာလဲ လို့ သိချင်လာမယ်ထင်တယ်နော်... အဲဒီအရာဆိုတာကတော့ လူတိုင်း လူတိုင်း တူညီစွာ ရရှိထားကြပြီး လူတိုင်း လူတိုင်း ညီတူညီမျှ အသုံးပြုခွင့်ရှိသော ဘက်လိုက်ခြင်းအလျဉ်းမရှိသော "အချိန်(Time)" ပဲဖြစ်ပါတယ်.... အချိန်ဆိုသောအရာက ဘယ်သူ့ကိုမျှ ငဲ့ညှာခြင်း သနားခြင်းမရှိ.... မည်သူ့ကိုမျှလည်း အဆစ်ပေးခြင်းမရှိ... အားလုံးအတူတူ ရရှိပိုင်ဆိုင်ထားကြသည်မဟုတ်ပါလားခင်ဗျာ... စက္ကန့်(၆၀)မှာ တစ်မိနစ် မိနစ်(၆၀) မှာ တစ်နာရီ (၂၄)နာရီမှာ တစ်ရက် အားလုံးအတူတူ အသုံးပြုခွင့်ရှိနေတယ်မဟုတ်ပါလားခင်ဗျာ... သူဌေးမို့ အချိန် ၁ မိနစ်အပိုပေးလို့မရသလို ဆင်းရဲသားမို့ အချိန်(၁)မိနစ် လျော့ပေး လို့လည်းမရတာတော့ သေချာနေပါတယ်... ဘာကြောင့် တချို့သောလူတွေက ဆင်းရဲပြီး တစ်ချို့သောလူတွေ ချမ်းသာနေကြရတာပါလဲ... ဘာလို့ကွဲပြားခြားနားခြင်းတွေ ရှိနေရတာပါလဲ... တကယ်ဆိုတော့ သူတို့ရဲ့အချိန်တွေကို ဘယ်လိုအသုံးချ ခဲ့ကြတာလဲဆိုတာက သူတို့ရဲ့ ကိုယ်ပိုင်ဘ၀တွေကို အဆုံးအဖြတ်ပေးခဲ့ခြင်းပင်ဖြစ်မည် ထင်ပါတယ်ဗျာ... ကောင်းစွာအသုံးမချခဲ့သူများထဲမှာ ကျွန်တော်တစ်ယောက်လည်း အပါအ၀င်ဖြစ်ခဲ့ပါတယ်....
Image from google
ယခုအချိန်သည် Steemit တွင် ၀င်ရောက်လုပ်ကိုင်ရန် အသင့်တော်ဆုံးသော အချိန်ကိုရောက်ရှိနေကြောင်းကို သဘောပေါက်နားလည်စေချင်ကြောင်းပါခင်ဗျာ... ၀ိုင်းဝန်းကြိုးစားကြရမည့် အချိန်လည်းဖြစ်ပါသည်ခင်ဗျာ...သို့သော် Myanmar Steemit Community (MSC)တွင် ၀င်ရောက်လုပ်ကိုင်နေကြပါသော ညီအစ်ကို မောင်နှမအများစုသည် အရှိန်လျော့ကြကုန်ကြသည်လား...စိတ်လျော့လိုက်ကြသည်လားတော့ မသိပါ... လူအနည်းငယ်လောက်သာ ကျန်ရှိနေပါတော့တယ်... စာရေးချင်စိတ်မရှိတော့တာလား ဘာလား ညာလားပေါ့လေ... သေချာမသိတော့ တောင်တွေး မြောက်တွေးပေါ့နော်... အားပေးချင်ပေးမယ့်လည်း ဈေးများကလည်းထိုးကျ နေချိန်၊ post များက ရရှိတဲ့ SBD လေးတွေကလည်းနဲပါးလာနေချိန်ဆိုတော့ စိတ်များပျက်နေလောက် မယ်ထင်တယ်... လူသစ်များဝင်ရောက်လုပ်ကိုင်နေကြတာကိုလည်း တွေ့မြင်နေရတယ်လေ... ဒါပေမယ့် အမှန်အတိုင်း ပြောရမယ်ဆို လူသစ်များကို အားမရပါ... တက်ကြွမှု မရှိသလိုဖြစ်နေပါတယ်... မိမိတို့တင်ထားတဲ့ post ကိုတောင် စိတ်ဝင်စားမှု နည်းပါးကြတယ်ထင်ပါတယ်... comment တွေကိုလည်း reply ပြန်တာမတွေ့ .... သူများကို vote ရကောင်းမှန်းလည်းမသိ... အချိန်တန်တော့ vote မရလို့... SBD မရ ဖြစ်တော့မှ ကျွန်တော်တို့ ဘာလို့ Promotion မရတာလဲ... မေးကြပေသည်... မဖြစ်သင့်ဟု ထင်ပါတယ်... အားလုံးက စေတနာ ဗလပွနဲ့ ကူညီရန် အသင့်ရှိနေချိန်မှာ မမေးကြမမြန်းကြ... Promotion Post အောက်တွင် မိမိတို့ Post အားချပြီး တာဝန်ကျေပြီထင်နေကြသည်လား... လက်ရှိမှာတော့ SBD အရနည်းနေပါတယ်... စိတ်ပျက်စရာတော့မဟုတ်ပါ... တစ်ပြားတောင်ပြည့်အောင်မရသေးတဲ့အချိန်ကတည်းက စိတ်မပျက်ခဲ့တာ... ခု နည်းရုံပဲရှိသေးတာ .... အရင်ကထက် အများကြီးသာနေပါတယ်... လူသစ်များကို အကြံပေးချင်ပါတယ်ဗျာ... လိုက်နာခြင်း မလိုက်နာခြင်းကတော့ မိတ်ဆွေများသဘောပါပဲ... အမှန်တကယ် အောင်မြင်တိုးတက်ချင်ပါတယ် ဆိုရင်တော့ Myanmar Steemit Community(MSC)ကြီးကို ရေရှည်တည်တံ့နိုင်အောင် ၀ိုင်းဝန်းကြိုးစားပေးကြပါ... သူများဆီက vote ကိုမမျှော်ကိုးပဲ ... ကိုယ်ကအရင်လိုက် vote ပါ... ကိုယ်ကအရင် comment ရေးပေးလိုက်ပါ... ကိုယ့် post ကို comment လာရေးပေးတဲ့သူတွေကို လေးလေးစားစား reply ပြန်သင့်ပါတယ်... reply မပြန်ရင် နောက်ဆို ဘယ်သူမှ လာမန့်နေမှာမဟုတ်တာကိုလည်း သိထားစေချင်ပါတယ်... လောလောဆယ်မှာတော့ ကျွန်တော်တို့ လောဘကြီး လောဘတက်နေရန်တော့မဖြစ်ပါ...လောဘဖြင့် အလုပ်လုပ်နေပါက ဒုက္ခ နှင့် လှလှ တွေ့ရတတ်သလိုပဲ နောင်တဆိုတာလည်း ကပ်ပါလာတတ်ပါတယ်... သတိပြုဆင်ခြင်နိုင်ကြပါစေ...
Image from google
အလိုကြီး(လောဘကြီး)လို့အရနည်းသောပုံပြင်
Moral Story of The Goose with Golden Eggs
ကျွန်တော်တို့တစ်တွေဟာ လူရယ်လို့ဖြစ်လာတဲ့အခါမှာ လူနှင့်အတူ လောဘ မောဟ ဒေါသ ဆိုသည့် အကုသိုလ် တရားများကိုလည်း တပါတည်း ထည့်သွင်းပေးလိုက်တယ်ထင်ပါတယ်... ဘာကြောင့်လည်းဆိုတော့ အသိဥာဏ်ပညာ ထိပ်ဆုံးမရောက်သေးသမျှ သာမန်လူသားတွေမှာ လောဘ ဒေါသ မောဟ မကင်းနိုင်ကြကြောင်း နေ့စဉ်နှင့်အမျှ တွေ့ကြုံနေကြရပါသည်။ လောဘ ဒေါသ မောဟ အစွယ်များထွက်လာလျှင် အသိဥာဏ်များ ခေတ္တခဏလောက်တော့ဆုံးရှုံး ပျောက်ကွယ်သွားတတ်ကြတယ်လေ.. ဒါကြောင့် လောဘ အစွယ်ထွက်လျှင် အသိဥာဏ်များလုံးဝဆုံးရှုံးပျောက်ကွယ်သွားတတ်ခြင်းကို ရှေးနှစ်ပေါင်း များစွာကတည်းက ပုံပြင်များ ရေးသားခဲ့ကြ ခြင်းဖြစ်ပါတယ်... လောဘအစွယ်ထွက်ပြီး အသိဥာဏ်ကွယ်ခြင်း အတွက် ကျွန်တော်တို့ ငယ်ငယ်ကပုံပြင်လိုလို စာလိုလို သင်ကြားခဲ့ရသော ထင်ရှားတဲ့ ပုံပြင်တစ်ပုဒ်ကို ရေးသားပေးချင်ပါတယ်... ငယ်စဉ်ကတော့ ထိုပုံပြင်သည် မြန်မာပုံပြင်ဟု ထင်ခဲ့မိတယ်ဗျ... ဒါပေမယ့် ပုံပြင်က မြန်မာပုံပြင် ဟုတ် မဟုတ် ဘယ်အချိန်ကတည်းကပေါ်ခဲ့သော ပုံပြင်မှန်းမသိဘူးဗျ.. နိုင်ငံတကာလူမျိုးတွေထဲမှာ ကွဲလွဲမှု အနည်းငယ်နဲ့ ဒီပုံပြင်က ရှိနေတယ်... အဲဒါက အရေးမကြီးတော့ပါဘူးလေ... ပုံပြင်လေးကိုလည်း လူတိုင်းကြားဖူးကြမယ်ထင်ပါတယ်ဗျ...ပုံပြင်လေးကို အောက်မှာ ရေးလိုက်ပါတယ်...
Image from google
ဟိုး... ရှေးရှေးတုန်းက(ဘယ်လောက်ရှေးကျလဲတော့မသိ) လယ်သမားကြီး တစ်ယောက်ဆီမှာ အင်မတန်ထူးဆန်းလှတဲ့ ဘဲငန်းတစ်ကောင် ရှိနေခဲ့တယ်ဆိုပဲ... ဘယ်လိုထူးဆန်းသလဲဆိုတာ သိခဲ့ရင်တော့ ချစ်ညီအစ်ကို မောင်နှမများလည်း အဲလို ဘဲငန်း တစ်ကောင်လောက် အဲ တစ်ကောင်မက လိုချင်ကြလိမ့်ဗျ.... ဘဲငန်းရဲ့ ထူးဆန်းတာကတော့ တစ်နေ့တစ်နေ့ ရွှေဥ တစ်လုံး ဥပေးတဲ့တယ်ဆိုပဲ...(ရရင်လိုချင်လိုက်တာဗျာ ကောင်ရေများလေကောင်းလေပေါ့) တစ်နေ့ကို ရွှေဥ တစ်လုံး တစ်လုံး နေ့စဉ်ဥပေးတာနော်... ဥတစ်လုံး တစ်လုံး ဘယ်လောက်လေးမယ်လို့ထင်သလဲ... ထားတော့ဗျာ... ဘဲငန်းပျောက်သွားမစိုးလို့ ဆက်ဦးမယ်... အဲဒီဘဲငန်း ကနေ့စဉ် နေ့စဉ် ဥပေးနေလေတော့ လယ်သမားဟာ ပြည့်ပြည့်စုံစုံ ဖူဖူလုံလုံနဲ့ နေနိုင် ၀တ်နိုင် စားသောက်လာနိုင်တယ်ဆိုပဲဗျ.. ဟုတ်မှာပေါ့လေ... ဥတစ်လုံးကို ၁၀ ကျပ်သားလောက်ဆိုရင် အေးဆေးနေရောပေါ့နော်.... အဲဒီလို နေ့စဉ်နေ့တိုင်းဘဲငန်းက ဥပေးနေ လယ်သမားကလည်း တစ်နေ့ တစ်ခြား ပြည့်စုံချမ်းသာလာလေပေါ့နော်... ဒီတော့ ဘာဖြစ်သွားသလဲ.... လယ်သမားဟာ အသိဥာဏ်ပညာရှိပုံမပေါ်လောက်ဘူးဗျ... ကမ္ဘာကျော်ကျောင်းကြီးတွေမပြောနဲ့ ရွာမှာရှိတဲ့ ဘုန်းကြီး ကျောင်းကစာတောင် တတ်ပုံမရဘူး...အဲဒီ ဘဲငန်း ပိုင်ရှင် လယ်သမားက လောဘထွက်လာတယ် ဆိုပဲ... လောဘထွက် တော့ အသိဥာဏ်ကွယ်သွားတာပါ...လယ်သမားစဉ်းစားမိတာက "ငါ့မှာ တစ်နေ့ တစ်နေ့ ရွှေဥတစ်လုံးပဲရတယ်... ရတာနည်းလိုက်တာနော်... ဒီငန်းရဲ့ ဗိုက်ထဲမှာ ရွှေဥတွေ အများကြီးရှိနေမှာပဲ...ဒီတော့ ငါဗိုက်ခွဲပြီး ရွှေဥတွေယူလိုက်ရင်တော့ ငါအချိန်စောင့်စရာ မလိုတော့ဘူး... အခုပဲ ငန်းရဲ့ ဗိုက်ကိုခွဲပြီး ရွှေဥတွေကို တခါတည်းထုတ်ယူုလိုက်တော့မယ်" ဆိုတဲ့ အတွေးဝင်လာတယ်ဆိုပဲ... ဒီတော့ အသိဥာဏ်လည်း ကွယ်ပျောက်သွားတယ်... "ကြာတယ် အခုပဲ ငန်းရဲ့ ဗိုက်ကို ခွဲပြီးယူတော့မယ်" လို့ချက်ချင်းလက်ငင်း ဓားကိုဆွဲပြီး ငန်းကိုဖမ်း၊ ရင်ကိုခွဲပြီး ရွေဥကိုရှာ တော့တာပေါ့နော်... ဒီတော့ ရွှေဥလေးကို တစ်နေ့ တစ်လုံးဥပေးနေရှာတဲ့ ငန်းခမျာ ရင်ကွဲပြီး သေပွဲဝင်သွားရရှာတာပေါ့ကွယ်... လယ်သမားကတော့ လောဘတကြီးနဲ့ ငန်းရဲ့ ၀မ်းဗိုက်ထဲကို မွှေနှောက်ပြီးတော့ ရွှေဥတွေ ရှာနေတော့တာပေါ့... ရွှေဥ မပြောနဲ့ ရွှေမှုန်လေးတောင် မတွေ့ရဘူးတဲ့... ဘယ်တွေ့မလဲနော်.. ငန်းရဲ့ ဗိုက်ထဲမှာ တွေ့တာကတော့ အူတွေ၊ အသဲတွေ၊ နှလုံးတွေဖြစ်တဲ့ ရင်တွင်းကလီဇာတွေနဲ့ သွေးအိုင်ကိုပဲတွေ့ရပါသတဲ့.... အဲဒီအချိန်ကျတော့မှ လယ်သမားဟာ အသိစိတ်ပြန်ဝင်လာပြီးတော့ "ဟာ ငါတော့မှားပြီ" ဆိုပြီး အော်ဟစ်ငိုကြွေးနေပါ တော့သတဲ့ဗျာ.... ကဲဗျာ... ကျွန်တော်ပြောချင်တဲ့ပုံပြင်လေးကတော့ ဒါပါဘဲဗျာ...
ချစ်မိတ်ဆွေ ညီအစ်ကို မောင်နှမအပေါင်းတို့ ဒီပုံပြင်လေးကနေ ဘာသင်ခန်းစာတွေကိုများထုတ်ယူနိုင်မလဲ စဉ်းစားကြည့်ကြပါဦးစို့...
နေ့စဉ်ရရှိသော ငွေကြေးဥစ္စာကို နည်းလိုက်တာလို့ထင်မိကောင်း ထင်မိကြပါလိမ့်မယ်... အဲဒီတော့ ငွေတွေကို အများအပြားရလိုလာကြပါတယ်... ငွေတွေရချင်လာကြတော့ တနည်းအားဖြင့်တော့ လောဘထွက်လာကြတယ်ပေါ့.. သာမန်လောဘထွက်ခြင်းလောက်နဲ့ကတော့ ဒုက္ခမဖြစ်သော်လည်း၊ လောဘကြီးလေ အမှားများလာတတ်လေဖြစ် တတ်ပါတယ်... လူလိမ် လူကောက်တို့ရဲ့ ပစ်မှတ်ကလည်း လောဘကြီးသူတွေဆိုတာကိုလည်း သတိထားသင့်လှပါတယ်... နေ့စဉ် ၀င်ငွေပေးနေသောလုပ်ငန်းဟာ ပုံပြင်ထဲက ငန်းတစ်ကောင်ပါပဲ... နေ့စဉ် ရွှေဥ ဥမပေးပေမယ့် စားဝတ်နေရေးကိုတော့ အထောက်အကူ ပြုပေးနေပါတယ်... Steemit သည်လည် နေ့စဉ် Steemit ရွှေဥ လေးတွေဖြစ်သော SBD ရွှေဥလေးတွေ ဥပေးနေသည် မဟုတ်ပါလော...န့စဉ် Steemit ရွှေဥ မဟုတ်သေးတောင် SBD ရွှေမှုန်လေးတွေ အဖြစ်သာ ဖြစ်ချင်ဖြစ်နေပါလိမ့်မယ်... သို့သော် နေ့စဉ်တော့ ဥ ပေးနေသည် မဟုတ်ပါလော...ရွှေဥလေးတွေကို ဥပေးမယ့် ဘဲငန်းကလေးတစ်ကောင် ဖြစ်ပါသည်... Steemit ဘဲငန်းကလေးဟု ဆိုသင့်သည့် ရွှေဥ ဥပေးမည့်ဘဲငန်းကလေးကို ကောင်းမွန်စွာ ၀ိုင်းဝန်း စောင့်ရှောက်ရန်မသင့်ပါသလော... တစ်ချီတည်းချမ်းသာရန်အတွက် မစဉ်းစား သင့်သေးဟု ထင်ပါသည်ပါ... Steemit ဘဲငန်းမှ ရွှေဥလေးများ တစ်နေ့ တစ်လုံးကျ ဥပေးမည့်အချိန်ကို နည်းနည်းလောက် စိတ်ရှည်သည်းခံသင့်သည်ဟု ထင်မြင်မိပါတယ်.... ရွှေဥ ပေးသောအချိန်တွင်လည်း ရင်ခွဲမပစ်မိစေရန်အတွက်လည်း ကြိုးစားပေးကြပါ.... အသိဥာဏ်များ မကွယ်မိကြပါ စေနှင့်ခင်ဗျာ...
လောဘထွက်ခြင်းကြောင့် ငန်းပိုင်ရှင်ဟာ အသိဥာဏ် ကွယ်ခဲ့ခြင်းဖြစ်ပါတယ်... လောဘထွက်နေချိန် ခေတ္တခဏသာဖြစ်ပါမယ်... ရွှေဥပေးနေတဲ့ငန်းကို ရင်ခွဲ အသဲနှုတ် အူနှုတ်လိုက်တာဟာ ကိုယ့်လုပ်ငန်းထဲက လှည့်ပတ်နေတဲ့ အဓိကကျတဲ့ ငွေကြေးလည်ပတ်မှုနဲ့ကို ဆွဲထုတ် လိုက်သလိုဖြစ်မယ်ထင်ပါတယ်... ငွေကြေးလည်ပတ်စီးဆင်းမှုဟာ လုပ်ငန်းမှာ အဓိက နေရာကနေ ပါဝင်နေတယ်လို့ ထင်မိပါတယ်... ခေတ္တခဏတာ လောဘအမှောင်ဖုံးလွှမ်းသွားပြီး အသိဥာဏ်ကွယ်ခဲ့တာကြောင့် ရွှေဥ ဥပေးတဲ့ငန်းကို ရင်ကိုခွဲမိတဲ့ အတွက် နောင်တကြီးစွာဖြစ်ပေါ်လာရခြင်းဖြစ်သလို ကိုယ့်ရဲ့ လည်ပတ်စီးဆင်းနေတဲ့ ငွေကြေးစနစ်ကို သွားရောက်ဖောက်ထွင်းမိကြရင်ဖြင့် နောင်တကြီးစွာ ရကြမယ့်အပြင် ဒုက္ခပါ တွဲလျက်ပါလာနိုင်ကြောင်း သင်ခန်းစာ ရရှိမိပါတယ်ဗျာ.... ဒါတွေက ကျွန်တော့်အမြင်သာဖြစ်တဲ့အတွက် ကြိုက်လျင်ယူပါ ..... မကြိုက်ရင်လည်း ပြသနာမရှိ.... ချစ်မိတ်ဆွေ ညီအစ်ကို မောင်နှမအားလုံး လောဘထွက်လို့ အသိဥာဏ်ပညာ ခဏလေးတောင် မကွယ်ကြပါစေနဲ့လို့ ဆုတောင်းပေးလိုက်ပါတယ်ဗျာ... Steemit ဘဲငန်းကြီးမှ Steem Dolla, Steem ဆိုသည့် ရွှေဥများ ကောင်းမွန်စွာ ဥပေးသည့်အချိန်ကို စိတ်ရှည်စွာဖြင့်စောင့်စားရင်း တတ်နိုင်သလောက် ဥပေးနေသော Steem Dolla, Steem ဆိုသည့် ရွှေမှုန် ရွှေမွှားများအား စုဆောင်းကောက်ယူရင်း Steem ရွှေဥများ၊ Steem Dolla ရွှေဥများ ကိုစောင့်မျှော်ကြပါစို့လို့ပြောကြားရင်း နိဂုံးချုပ်လိုက်ရပါသည်။
ပုံစံတူ နိုင်ငံခြားပုံပြင်အချို (Some Similarly Stories)
The Hen That Laid Golden Eggs-
Video from You Tube
Moral Story of The Goose with Golden Eggs
http://www.padhokhelo.com/moral-story-goose-golden-eggs/
http://latinviafables.blogspot.com/2008/06/perry-87-goose-who-laid-golden-eggs.html
http://englishstorybooks01.blogspot.com/2012/11/the-goose-that-laid-golden-eggs.html
Steemit တွင် ၀င်ရောက်လုပ်ကိုင်နေကြပါကုန်သော Myanmar Members အားလုံး အားလုံး အောင်မြင်ကြပါစေခင်ဗျာ.....
Success in Steemit
လေးစားစွာဖြင့်
Yours respectfully
ရေးသားသူ(Author) _
@ansoe (MSC 012)
Soe Naing
Myanmar Steemit Community 
29-10-2017 တနင်္ဂနေ့(Sunday)