တန်ဖိုးကြီးမား အမှန်တရား (Truth Is Invaluable)

Steemit တွင် ၀င်ရောက်လုပ်ကိုင်ဆောင်ရွက်နေကြပါသော မိတ်ဆွေအားလုံး မင်္ဂလာပါခင်ဗျာ။
Mingalar Bar, All Steemit Fellowship Friends.

ဒီနေ့တော့ ကျွန်တော်ရဲ့ မိတ်ဆွေများကို မျှဝေပေးချင်တာကတော့ အမြဲတမ်းအမှန်တရား အကြောင်း တစ်စိတ်တစ်ဒေသလေးပါ။ အမယ်လေး ကြီးကျယ်လှချေလားလို့မထင်ပါနဲ့ အမှန်တရားဆိုတာ အင်မတန် တန်ဖိုးကြီးတဲ့အရာမဟုတ်လားခင်ဗျာ။

Today, I want to share all my steemit friends few about universal truth.

(အမှန်တရားသည် အလွန် တန်ဖိုးကြီးသောကြောင့် တန်ဖိုးကြီးပစ္စည်းကို ချွေတာသုံးစွဲသူတို့၏ထုံးစံအတိုင်း ကျွန်တော်သည်လည်း အမှန်တရားကို ချွေတာသောအားဖြင့် အမှားများကိုသာ အသုံးပြုလာခဲ့သည်မှာ နှစ်ပေါင်းများစွာ ကြာမြင့်ခဲ့ပြီဖြစ်ပါသည်ခင်ဗျား)

The truth is invaluable. So, I don't spend many truth.

အမြဲတမ်းအမှန်တရားဆိုတာဘာလဲ?

What is Universal Truth ? General truth is not universal truth.

Something that is unanimously believed no matter what location, perspective, etc you are in.
So lets say... "That firetruck is red." Under a different perspective... is that statement true? To a color blind person?

What many people confuse truth with is fact. Truth is based of perception, Fact is universal. Here is an example of a somewhat universal truth at the time... long ago, everyone thought the world was flat. "The world is flat." The previous statement would be considered a universal truth, even though it is not fact. However, 100% of the people agree with the statement. so it is true.

Another example. "God exists." Many people would say that the statement is true. To them it is true(if they believe 100% in it). However ask an atheist. believe that god dosent exist. So this cannot be a universal truth. BUT, once again, what if god is really real? He would be Fact. Not truth.

See more info : https://answers.yahoo.com/question/index;_ylt=A0LEVwxgsZVZtggAMaNXNyoA;_ylu=X3oDMTByMjB0aG5zBGNvbG8DYmYxBHBvcwMxBHZ0aWQDBHNlYwNzYw--?qid=20071220184612AAohhBg

http://www.inwardquest.com/questions/3079/what-is-a-universal-truth-how-does-one-define-a-universal-truth

what is .png

အမှန် နဲ့ ဆန့်ကျင်ဘက် ကတော့ အမှားဆိုတာ ကိုလူတိုင်းသိပါတယ်။ အမှန်တရားဆိုတာ အမှားရဲ့ဆန့်ကျင်ဘက်ပါဘဲ။

အမှန်တရားဆိုတော့ တစ်ယောက်တစ်မျိုး အဓိပ္ပါယ်ဖွင့်ဆိုလို့မဖြစ်ဘူးလို့ ကျွန်တော်ထင်ပါတယ်။ ဒါပေမယ့် လူတွေကတော့ တစ်ယောက် တစ်မျိုး ကိုယ့်ရှု့ထောင့်ကနေ အဓိပ္ပါယ်ဖွင့်ဆိုနေကြပါတယ်။ တစ်ယောက် မှန်ပြီး တစ်ယောက်မှားနေခြင်းသည် အမှန်တရားမဖြစ်နိုင်ပါ။ တစ်ယောက်မှန်ပြီး တစ်ယောက်မှားခြင်းသည် အမြဲတမ်းအမှန်တရားမဖြစ်နိုင်ပါ။ ယေဘုယျ အမှန်တရား ဖြစ်ချင်ဖြစ်နိုင်ပါသည်။ လူတစ်ရာမှာ ရာခိုင်နှုန်းဘယ်လောက်မှန်တယ်ဆိုခြင်းသည် ယေဘုယျအမှန်တရားလို့ကျွန်တော်ထင်ပါသည်။(ကျွန်တော်အမြင်ပါခင်ဗျာ)

The general truth is not become a universal truth.

What is the general truth?

A general truth is a statement of fact regarding something that is measurable, demonstrable, and real.

The term 'truth' in this context is defined as the 'general agreement' or consensus of those making the determination of validity, however, it does not require unanimous agreement to be considered a statement of truth.

For more info: http://www.answers.com/Q/What_is_the_general_truth

ယေဘုယျအမှန်တရားလေးတွေကတော့ ဥပမာဆောင်ပြစရာမလိုလောက်ဘူးတင်ပေမယ့် ဥပမာလေးတွေဆောင်ပြပါမည်။ ဗေဒင်ဆရာက ဟောကြားချက်သည် ယေဘုယျအမှန်တရားဖြစ်ပေမည်။ ရာခိုင်နှုန်းဖြင့်သာ ရာခိုင်နှုန်းဘယ်လောက်တော့မှန်သည်ဟုသာပြောနိုင်မည်ထင် ပါသည်။(လူတိုင်းကိုမှန်အောင်ဟောနိုင်မည့်ဗေဒင်ဆရာရှိချင်လည်းရှိပါလိမ့်မည်)

ဆယ်ပေခန့်ရှိသောမြန်မာလို ဂဏန်းကို ရေးသားပြီးလျှင် လူလေးယောက်က လေးဘက်လေးတန်မှ နေကြည့်ကြမည်ဆိုကြပါစို့။

၁ ဂဏန်း ဟုပြောဆိုမည့်သူ

ဟုပြောဆိုမည့်သူ

ဟုပြောဆိုမည့်သူ

ဟုပြောဆိုမည့်သူ အမြင်လေးမျိုး အဓိပ္ပါယ်လေးမျိုးထွက်လာမည်မဟုတ်ပါလား(ကျွန်တော်တို့ မြန်မာစာလုံးအတွက်သာဥပမာ ပေးခြင်းဖြစ်ပါသည်)။ ထိုလူလေးဦးတွင် မည်သူကမှန်ပြီး မည်သူကမှားသနည်း။ မှားသူမရှိပါချေ။ အားလုံး သူ့နေရာဒေသနှင့်သူ သူ့အမြင်နှင့်သူ မှန်နေခြင်းကို ယေဘုယျအမှန်တရားတစ်ခုသာဖြစ်သည်ဟု ကျွန်တော်ထင်ပါသည်။ ဆင်းရဲသားအတွက် အမှန်တရားသည် လူချမ်းသာများအတွက်တော့ အမှန်တရားမဖြစ်နိုင်။ လူတွေအတွက်အမှန်တရားသည် တိရိစ္ဆာန်များအတွက်တော့ အမှန်တရားမဖြစ်နိုင်။ ယောက်ျားလေးများအတွက် အမှန်တရားသည် မိန်းကလေးများအတွက်အမှန်တရားမဖြစ်နိုင်။ အဘယ်သို့ စဉ်းစားသင့်ပါသနည်း။


Who Is Right?

men and one.jpg


အမြဲတမ်းအမှန်တရားဆိုတာ အချိန်မရွေး နေရာဒေသမရွေး လူမျိုးမရွေး ဘာသာမရွေး လူ တိရိစ္ဆာန်မရွေး အမြဲတမ်းမှန်နေသည့် အမှန်တရားကို ဆိုလိုခြင်းဖြစ်မည်ထင်ပါသည်။

ဒီနေရာမှာတော့မှန်တယ် ဟိုနေရာမှာတော့မှားတယ်။ ဒီလူမျိုးအတွက်တော့မှန်တယ် ဟိုလူမျိုးအတွက်တော့ မမှန်ဘူး။ လူတွေအတွက်တော့မှန်တယ် တိရိစ္ဆာန်အတွက်တော့မမှန်ဘူး။ အဲဒီလို မှန်ခြင်း မမှန်ခြင်းသည် ယေဘုယျအမှန်တရားသာဖြစ်မည်ထင်ပါသည်။

ဥပမာအနေဖြင့်ပြရမည်ဆိုသော် လူတို့သည် မိခင်ဝမ်းမှမွေးဖွားလာရသလို တိရိစ္ဆာန်များသည်လည်း မိခင်ဝမ်းမှပင် မွေးဖွားလာကြရသည်။ လူတိုင်းတစ်နေ့နေ့ တစ်ချိန်ချိန်သေဆုံးကြရသလို တိရိစ္ဆာန်များသည်လည်း တစ်နေ့နေ့ တစ်ချိန်ချိန်သေဆုံးကြရသည်။ ထိုကဲ့သို့ မွေးဖွားခြင်း သေဆုံးခြင်းဖြစ်စဉ်တွင် ဘယ်သောအခါမှ မှားယွင်းမှုမရှိသော အမြဲတမ်း အမှန်တရားဖြစ်ပေသည်။

လူမျိုး ဘာသာ နေရာ လူ တိရိစ္ဆာန် မရွေး မှန်ပေ၏။ မိခင်သည် သားသမီးကို စောင့်ရှောက်ခြင်းသည် လူများအတွက်လည်းမှန်သလို တိရိစ္ဆာန်များအတွက်လည်း မှန်ကြောင်းတွေ့မြင်နိုင်ပါသည်။ မိခင်စိတ်သည် လူများတွင်သာရှိခြင်းမဟုတ်ဘဲ တိရိစ္ဆာန်များတွင်လည်း မိခင်စိတ်ရှိကြပါသည်။ ဒီနေရာမှာ အကြောင်းကြုံသဖြင့် ကျွန်တော် ကြည့်ဖူးသော Discovery Channel တစ်ခုမှ ထုတ်လွင့်ပြသခဲ့သော အစီအစဉ်တစ်ခုကို ပြောပြချင်ပါသည်။

ရိုက်ကူးပြသမှုလေးကတော့ဒီလိုပါခင်ဗျာ။ ကျားသစ်မတစ်ကောင်က အစာရှာရန် အမဲလိုက်ထွက်ခဲ့ပါတယ်။ အမဲလိုက်ထွက်တဲ့လမ်းကြောင်းမှာ မျောက်သားအမိကိုတွေ့ပါတယ်။ ဒါပေမယ့် ကျားသစ်မဟာ မျောက်မကိုသာမြင်ပါတယ်။ မျောက်သားငယ်လေးကိုတော့ လုံးဝ မြင်ခြင်းမရှိဘဲ ဖမ်းဆီးသတ်ဖြတ်လိုက်ပြီး စားသောက်ရန်အလို့ငှာ သစ်ပင်ပေါ်သို့ဆွဲယူသွားခဲ့ပါတော့တယ်။ မျောက်သားငယ်လေးက မျောက်မကြီးရင်ခွင်ထဲကနေ အဲဒီအချိန်ကျမှ ထွက်ကျလာခဲ့ပါတယ်ဗျာ။ အဲလိုထွက်ကျလာတဲ့မျောက်ကလေးကိုကြည့်ရင်းနဲ့ ကျားသစ်မဟာ သေဆုံးသွားပြီဖြစ်တဲ့ မျောက်မကြီးအသားကို လုံးဝမစားတော့ဘဲ မျောက်သားငယ်လေးကိုစောင့်ရှောက်ရန်သစ်ပင်တစ်ပင်ပေါ်တက်သွားပါတယ်။ သစ်ပင်ပေါ်ကို ကိုက်ချီသွားပြီး မျောက်သားငယ်ကို စားသုံးခြင်းမဟုတ်ပါဘဲနှင့် မိခင်စိတ်နှင့် သူရဲ့နို့ချိုကိုတိုက်ကျွေးပြီး မွေးမြူစောင့်ရှောက်ပါတယ်။ အခြားသော တောရိုင်းတိရိစ္ဆာန်များ၏ ရန်မှလည်း ကာကွယ်စောင့်ရှောက်ပေးထားပါတော့တယ်။ ကျွန်တော်ကြည့်နေရင်းနှင့်ပင် ၀မ်းသာ ၀မ်းနည်း မျက်ရည်လည်မိသည်ကို ၀န်ခံရပေမည်။ (This is amazing AFFECTION)

ထိုဖြစ်ရပ်တွင် စဉ်းစားကြည့်ပါလျှင် တိရိစ္ဆာန်ဖြစ်သောကြောင့် မိခင် မေတ္တာသည် ပျောက်မသွားသည့်အပြင် မိမိ နှင့် အမျိုးမတူသောသူကိုပင် စောင့်ရှောက်ခဲ့သေးပေသည်။ လူအများတွင်ပင် ပြုနိုင်ခဲသော မေတ္တာစိတ်ဓာတ်ပင်ဖြစ်ပါသည်။ အတုယူသင့်လှပေစွ။ မိခင် မေတ္တာသည် အမြဲတမ်းအမှန်တရားဖြစ်ပြီး ကိုယ့်အစာကိုမစားဘဲ သားငယ်ကို စောင့်ရှောက်ခြင်းသည် ယေဘုယျအမှန်တရားသာဖြစ်နိုင်ပါသည်။ ယခု ကျွန်တော်ပြောနေသော ကိစ္စသည် ပုံပြင်ပြောပြနေခြင်းမဟုတ်ပါ။ အောက်တွင် ကြည့်ရှု လေ့လာနိုင်ပါရန် ရုပ် သံ ဗီဒီယို ကိုတင်ပေးလိုက်ပါသည်ခင်ဗျာ။

Leopard Kills Monkey and Discovers Baby! INCREDIBLE REACTION! (AFFECTION)


ထိုရုပ်သံကို ရိုက်ကူးတင်ဆက်သူသည် ထိုကဲ့သို့သော ရိုက်ကွင်းမျိုးရရှိနိုင်ရန်မှာ နှစ်ပေါင်းများစွာကြာညောင်းပေမည်။ အလားတူ ကိစ္စများ ရှိသေးသော်လည်း ထည့်မရေးတော့ပါ။

မည်သို့ပင်ဆိုစေကာမူ တစ်ခါတစ်ရံတွင် လူတို့နေထိုင်ရာကမ္ဘာကြီးတွင် ယေဘုယျအမှန်တရားတစ်ခုအတွက် ငြင်းကြ ခုံကြ ပေသည်။ လူတစ်ဦးချင်းစီသည်လည်း ငြင်းခုံကြပေသည်။ ယေဘုယျအမှန်တရား တစ်ခုအတွက် အသက်များသေကြေခဲ့ကြရာသည်ကိုလည်း တွေ့မြင်နိုင်ကြပေမည်။ နောင်တွင်လည်း လူအများသည် မာန်မာန များကို မချသေးသရွေ့အမှန်တရားဆိုသော စကားကိုလက်ကိုင်ပြု ငြင်းခုံ တိုက်ခိုက် သတ်ဖြတ်နေကြအုံးမည်မှာလည်း အမှန်ပင်ဖြစ်နိုင်ပါကြောင်း ရေးသားတင်ပြရင်းဖြင့် ဒီနေရာတွင် ရပ်နားခွင့်ပြုပါရန်
(အထက်ပါ ယူဆချက်များသည် ကျွန်တော်တစ်ဦးတည်း၏ အယူအဆများသာဖြစ်ပါသောကြောင့် ကြိုက်လျှင်ယူပါ...မကြိုက်လျှင် မယူပါနှင့်.. အငြင်းပွားရန်မရှိပါ .... လွတ်လပ်စွာဖြင့် သဘောထားကွဲလွဲနိုင်ပါကြောင်း)

Steemit တွင် ၀င်ရောက်လုပ်ကိုင်နေကြပါကုန်သော Fellowship အပေါင်း အောင်မြင်ကြပါစေခင်ဗျာ.....

Success in Steemit

လေးစားစွာဖြင့်

Yours respectfully

ansoe logo myanmar.png

ရေးသားသူ(Author) _

@ansoe
Soe Naing

Myanmar Steemit Community

17-8-2017(Thursday)