တိုက်တွန်းပါရစေ

ချစ်လှစွာသောမြန်မာစတီးမစ်မိသားစုဝင် အပေါင်းတို့ မင်္ဂလာပါခင်ဗျာ။

Mingalar par. My dear Myanmar steemians families.


01 copy.png


Steemit တွင် စာရေးသားကာ Post တင်နေကြသောသူများတဖြည်းဖြည်းလျော့နည်းနေသည်ကို မြင်တွေ့ရပါတယ်။ ဒါမှမဟုတ် MSC အဖွဲ့သားများပင် Post တင်သူဦးရေ နည်းပါးလာသည်လား တော့မသိပါ။ အဘယ်အကြောင်းကြောင့် နည်းသွားသည်ကိုတော့ မသိ။ အကြောင်းအမျိုးမျိုးရှိနိုင် ပါတယ်။ စာတွေမရေးနိုင်ကြလို့ပဲလား၊ အလုပ်များမအားမလပ်ဖြစ်နေကြပေလို့လား၊ SBD, STEEM တွေဈေးကျပြီး အရနည်းနေကြလို့လားမသိ။ ဘယ်လိုဘယ်အကြောင်းကြောင့်လည်းတော့ သူတို့ကိုယ်တိုင်မှလွဲပြီး ဘယ်သူမှ မသိနိုင်ပါ။ အရင်အချိန်များတုံးကတော့ Promotion ရရှိစေရန် အတွက် အလုအယက်စာရေးကြတယ်။ ခု Promotion တွင်လူ (၁၀)ယောက်လောက်သာရှိတော့ သည်ကို တွေ့နေရပါတယ်။ အားပျက်သွားကြတာလား၊ စိတ်လျော့သွားကြလေသလား။ စဉ်းစားစရာ အမျိုးမျိုးပေပေါ့။ မကြာခင်ကာလ မကြာခင်ကာလ မမြင်ကြရတော့လည်း အားလျော့ချင်စရာပါ။ ဒါပေမယ့် အားတော့မလျော့စေချင်ဘူး။ လက်မလျော့စေချင်ပါဘူး။ အားလပ်ချိန်လေးတွေထဲကနေ အချိန်နည်းနည်းလောက်ပေးပြီး Post ပုံမှန်တင်မယ်ဆို အရှုံးမရှိပါဘူး။ ဈေးကျနေကြတော့ သိပ်မရ။ သိပ်မရတော့ စိတ်မပါဖြစ်နေကြတယ်ထင်ပါတယ်။ ဈေးများထိုးတက်သွားရင် အလုအယက် Post ပြန်တင်ကြလေအုံးမလား။ ပုံမှန် Post တင်ခြင်းနဲ့ ဈေးတက်ချိန်မှ Post တင်ခြင်းမကွာခြားလှပေဘူးလို့ ထင်စရာပါ။ ဒါပေမယ့် ပုံမှန် Post တင်နေသူများအဖို့ ပုံမှန် SP တက်နေပါတယ်။ တစ်လလောက် Post မတင်သူနဲ့ ပုံမှန်ပုံတင်သူ ယှဉ်ကြည့်ရင် SP ကွာသွားတာကတော့ သေချာပေါက်ပါ။


03.png


အားပေးစကားလည်း ပြောစရာမရှိသလောက်ဖြစ်နေပါတယ်။ ဘယ်လိုအားပေးစကားပြောရမယ် မသိတော့ပါဘူး။ ၀န်ထမ်းတစ်ယောက်အနေနဲ့ဌာနဆိုင်ရာတစ်ခုမှာ အလုပ်ဝင်နေရသလိုစဉ်းစားကြည့် မယ်ဆိုရင် ၀န်ထမ်းထက်ပိုမိုလွတ်လပ်မယ်ထင်တယ်။ အချိန်ပြည့်လုပ်ဆောင်နေရမှာမဟုတ်သလို အချိန်နောက်ကျနေလို့လည်း ဘာမှမဖြစ်၊ ဆူမည့်အထက်အရာရှိလည်းမရှိ၊ အလုပ်ချိန်နောက်ကျစရာ အကြောင်းမရှိ။ သွားရင်း လာရင်း စားရင်း သောက်ရင်း မျက်စိကိုဖွင့် နားကိုစွင့် ဘယ်သူတွေ ဘာတွေပြောနေကြလဲ၊ အချက်အလက်လေးတွေကို စုဆောင်း၊ သေချာချင်ရင် စာနဲ့ချရေးမှတ်ထား၊ အားလပ်တဲ့အချိန်လေးမှာ အကျယ်ချဲ့ စာပြန်ရေးပြီး Post တင်ရင် အဆင်ပြေနိုင်မယ်ထင်ပါတယ်။ အဆင်ပြေနိုင်မယ်မဟုတ်ဘူး၊ အဆင်ကိုပြေပါတယ်။ ကျွန်တော်ကိုယ်တိုင်လည်း အဲဒီလိုပဲလုပ်ပြီး စာတွေရေးနေခဲ့တာပါပဲ။ မမှတ်မိလို့ အကြောင်းတိုက်ဆိုင်မှ ပြန်ပြန်ရေးနေတဲ့ Post တွေကို အများကြီးရှိပါတယ်။ စာနဲ့သာချရေးမယ်ဆို အဆင်ပြေပါတယ်။ ကွှီးရွှေဆို စာနဲ့ချရေးထားတာပါ။ ကုန်ကြမ်းတွေကို မှတ်ထားတဲ့သဘော၊ အတိုလေးတွေရေးမှတ်ထား တာပေါ့။ ပြီးမှ အကျယ်ချဲ့ပြီး ပြန်ရေးကြတာပါ။ လက်ဖက်ရည်ဆိုင်ထိုင်ရင်းပြောမိတဲ့အကြောင်းအရာထဲက၊ အအေးဆိုင်ထိုင်ရင်း ကြားမိတဲ့အကြောင်းအရာလေးတွေထဲက၊ သူငယ်ချင်း အချင်းချင်း ပြောမိတဲ့အကြောင်းအရာတွေ ထဲက၊ ကိုယ်တိုင်တွေ့ကြုံလုပ်ကိုင်လာခဲ့ရတဲ့ အကြောင်းအရာတွေထဲက စသဖြင့် မှတ်သားထား နိုင်ပါတယ်။ တနည်းဆိုရင် အဓိကရေးချင်တဲ့အကြောင်းအရာကို ကုန်ကြမ်းအဖြစ်ရယူထားလိုက် တာပေါ့။ ကုန်ကြမ်းရရင်ကုန်ချောထုတ်ပြီး Post တင်မယ်ဆို အဆင်ပြေမယ်ဗျ။ အကြံပြုခြင်းဖြစ်သလို တိုက်တွန်းနေခြင်းလည်းဖြစ်ပါတယ်။ သိပ်ကောင်းတဲ့လမ်းမကြီးပေါ်ရောက်နေပြီးတော့ ကူညီ ဖေးမမယ့် သူတွေလည်း အဆင်သင့်၊ လမ်းမလျောက်ပဲ ငုတ်တုတ်ထိုင်နေလေတော့ ဘယ်မှမရောက် ဘာအကျိုးမှလည်းမခံစားရ ဖြစ်နေ ကြရသူတွေ အများကြီးရှိနေပါတယ်။ နောင်တ ဆိုတာ နောင်ကြမှ တ တ နေကြရလို့ နောင် မှ တ ရလို့ နောင်တ လို့ခေါ်တွင်နေကြတယ်ထင်ပါတယ်။ MSC အဖွဲ့သားများကိုတော့ နောင်တ ဖြင့် ငေးငိုင်ကျန်မနေရစ်ခဲ့စေချင်ပါ။


02.png


သူများတွေ SP သိန်းချီရှိနေတာကို သွားရည်ကျနေရုံနဲ့တော့ ကျွန်တော့်တို့ SP တွေ သိန်းချီဖြစ်လာ မယ်မဟုတ်သလို အဲဒီလူတွေကလည်း မျှဝေပေးလိမ့်မယ်မဟုတ်ပါဘူး။ ကိုယ်တိုင် ကြိုးစားရမှာ ဖြစ်တဲ့အတွက် အားကျနေရုံ၊ သွားရည်ကျနေရုံနဲ့တော့ ဘာမှ ဖြစ်လာမယ်မဟုတ်ပါဘူး။ လက်တွဲ ခေါ်နေသူတွေရှိနေဆဲ၊ ၀ိုင်းဝန်းကူညီနေသူတွေပေါများနေဆဲကာလမှာ ခရီးတွင်အောင်မလျောက်ခဲ့ ဘူးဆိုရင် နောင်တစ်ချိန်မှာ အမှန်ပင်နောင်တရနေပါလိမ့်မယ်။ ထိုင်မနေပါနဲ့ ခရီးဆက်ဖို့ လက်များကို တွဲလိုက်ပါ။ မိတ်ဆွေအဖော်အပေါင်းတွေနဲ့ အတူတကွ ခရီးဆက်သင့်ပါတယ်။ နှောင့်နှေးနေလို့ စိတ်ပျက်နေရင် အချိန်ကြာလာတာနဲ့အမျှ ခရီးအကွာအဝေးကလည်း ပိုပိုဝေးသွားပါလိမ့်မယ်။ ထိုင်နေသူထက် ရောက်သလောက်လျောက်နေသူက ပိုပြီးခရီးတွင်နေပါလိမ့်မယ်။ ခရုကလေးလို တရွှေ့ရွှေ့နဲ့လှမ်းနေပေမယ့် အချိန်တစ်ချိန်မှာတော့ ခရီးပန်းတိုက်ကို ရောက်ရစမြဲဖြစ်ပါတယ်။ ဘယ်မှမရွေ့ရင် ဘယ်မှမရောက်နိုင်ပါဘူး။ နောင်တကင်းကင်းနဲ့ နေချင်တယ်ဆိုရင် ခုပဲချက်ချင်း ထပြီးလမ်းလျောက်သင့်ပါတယ်။ အလွန်ကြီးမားတဲ့ အဆောက်အဦတစ်ခုရဲ့ အစက အုတ်ခဲလေး တစ်လုံးတည်းသာဖြစ်ပါတယ်။ ခရီးရှည်တစ်ခုရဲ့ အစဟာလည်း ပထမဆုံးသော ခြေလှမ်းကလေး တစ်လှမ်းသာဖြစ်ပါတယ်။ Steemit ခရီးလမ်းဟာ သဲကန္တာရ လမ်းခရီးလို ခြောက်သွေ့နေတာမဟုတ်ပါဘူး။ စားရေ ရိက္ခာ အပြည့်အစုံရှိနေပြီးတော့ အလွယ်တကူ ခရီးသွားနိုင်အောင် ပြုလုပ်ပေးနေတဲ့ လမ်းခရီးဖြစ်ပါတယ်။ အားမပျက်၊ အားမလျော့ပဲနဲ့ Post တင်ကြပါလို့ တိုက်တွန်းလိုပါတယ်ဗျာ။


Untitled-2 copy.png


လူတွေအတွက် လိုအပ်ချက်ဆိုတာတွေက များပြားလှပါတယ်။ အဲဒီလိုအပ်ချက် အကုန်လုံးကိုတော့ Steemit သာမကပါဘူး ဘယ်နေရာ ဘယ်ဌာနကမှ ဖြည့်စွမ်းပေးဖို့လည်း မလွယ်ကူလှပါဘူး။ လိုအပ်ချက် နဲ့ ဖြည့်ဆည်းနိုင်စွမ်းက ဘယ်တော့မှလည်း ညီမျှနိုင်မယ်မထင်ပါဘူး။ လိုအလိုကို နတ်မလိုက်နိုင် ဆိုတဲ့စကားကလည်း အလကားနေရင်း ပေါ်လာခဲ့တာ ဟုတ်ဟန်မတူပါဘူး။ လိုအပ်ချက် နဲ့ ဖြည့်ဆည်းနိုင်စွမ်းကို ကျေနပ်နိုင်အောင် ကိုယ်တိုင်ကြိုးစားမှသာ စိတ်ကျေနပ်မှု ရရှိနိုင်ပါမယ်ဗျာ။ ကိစ္စများမြောင် လူတို့ဘောင် လို့ဆိုထားတဲ့အတိုင်းပါပဲ။ လူတိုင်း လူတိုင်းဟာ တစ်ခုမဟုတ် တစ်ခုနဲ့ အလုပ်ရှုပ်နေကြရတာပဲဖြစ်ပါတယ်။ အိမ်ထောင်ကျပြီးတဲ့ အိမ်ထောင်ရှင်တွေဆို ပိုဆိုးပါလိမ့်မယ်။ မနက် မျက်စိနှစ်လုံးဖွင့်ပြီဆိုတာနဲ့ သားကိစ္စ၊ သမီးကိစ္စ၊ ယောက်ျားကိစ္စ၊ မိန်းမကိစ္စ၊ ယောက္ခမကိစ္စ၊ သူငယ်ချင်းအပေါင်းအသင်းကိစ္စ စတဲ့ လူမှုဆက်ဆံပေါင်းသင်းရေး လူ့ဝတ္တရားတွေနဲ့ နပန်းလုံးနေ ကြရတာပါပဲ။ အဲဒီလို မအားမလပ်ဖြစ်နေကြရတဲ့ကြားတဲ့ကနေ လူတိုင်း လူတိုင်းက အချိန်အနည်းငယ်ယူပြီး Post တင်နေကြသူတွေသာဖြစ်ကြပါတယ်။ ဒီတော့ ဘာကြောင့် ညာကြောင့်တွေ အကြောင်းပြချက်ထုတ်နေမယ့်အစား မဖြစ်ဖြစ်အောင် ညှစ်ထုတ်ပြီး Post တင်စေ ချင်ပါတယ်။ အားထုတ်စေချင်ပါတယ်။ ကြိုးစားစေလိုပါတယ်ဗျာ။ ကိုယ့်ရဲ့ နေ့စဉ် စီးပွားရေးတစ်ခု လို ဂရုတစိုက်လုပ်နိုင်ရင် ပိုကောင်းမယ်လို့လည်း ထင်မြင်မိပါတယ်။ နောက်ဆုံးအနေနဲ့ ပြောလိုရင်းက တော့ အားမလျော့၊ အားမပျော့ကြပါနဲ့လို့ ရေးသားရင်း ရပ်နားလိုက်ပါတယ်။


Success in Steemit အောင်မြင်ကြပါစေဗျာ.....

လေးစားစွာဖြင့်

Yours respectfully

stemit ansoe myanmar no word logo.png

ရေးသားသူ(Author) _

@ansoe (MSC 012)

Soe Naing

Myanmar Steemit Community myanmar steemit community 1x1.png

24-May-2018 ကြာသပတေးနေ့(Thursday)