ကျော်ကြားမှု(Famous)

ချစ်လှစွာသောမြန်မာစတီးမစ်မိသားစုဝင် အပေါင်းတို့ မင်္ဂလာပါခင်ဗျာ။

Mingalar par. My dear Myanmar steemians families.



Untitled-1 copy.png

Image from google


ကျွန်တော်တို့သည် လူသိများခြင်း၊ လူအများသိခြင်း၊ လူကြိုက်များခြင်းကိုအလိုရှိကြသည်များပေမည်။ ထိုကဲ့သို့ လူကြိုက်များခြင်း၊ လူသိများခြင်းတို့ကို လူကြိုက်များခြင်းဟု ခေါ်မည်ထင်ပါသည်။ ထို့ကြောင့် ကျွန်တော်တို့သည် ကျော်ကြားလိုသောလူများဖြစ်ကြပေသည်။ မကျော်ကြားလိုသူ တနည်းအားဖြင့် အောင်မြင်လူသူတို့သည် လောက တွင် ဒု နှင့်ဒေး ပေါများမည်ဖြစ်ပေသည်။ ကျော်ကြားမှု အောင်မြင်မှု နောက်သို့လိုက်ရင်း ဘ၀ပျက်သွားသူများ လည်း နည်းမည်မဟုတ်ကြပါချေ။ လူမသိသူမသိ သေဆုံးကြသူများ၊ လူသိရှင်ကြား သေဆုံးကြသူများလည်း အများအပြားပင်ဖြစ်ပေသည်။ ကျော်ကြားသည်ဖြစ်စေ မကျော်ကြားသည်ဖြစ်စေ တစ်ချိန်ချိန်တွင် ထို ကျော်ကြားမှု အောင်မြင်မှုများအား ချန်ထားခဲ့ကြရသည်သာဖြစ်ပေသည်။ သို့သော်လည်း မသေခင်အချိန်ကာလအတွင်းတွင် လူအချို့သည်ကား မသေဆေးစားထားသကဲ့သို့ထင်မှတ်နေကြသည်လားမသိပါ။ အောင်မြင်မှု ကျော်ကြားမှုတွင် နစ်မြုတ်ကာ အခြားသူများအား မထီလေးစားဆက်ဆံလာတတ်ကြပေသည်။ အမြဲတမ်းအောင်မြင်မှု သရဖူကို ဆောင်းထားနိုင်လိမ့်မည်ဟု ထင်မှတ်နေတတ်ကြပေသည်။ စာဖတ်သူတို့အနေဖြင့် မည်သို့ထင်မြင်မှတ်ယူပါ သနည်း။
လူအဖြစ်သို့ရရှိလာကြခြင်းသည် ကျွန်တော်တို့ ဗုဒ္ဓဘာသာအလိုအရ အလွန်အင်မတန်ကံကောင်းခြင်းပင်ဖြစ်ပါ သည်။ လူ့ဘ၀ကို ရရှိထားကြသော်လည်း တန်ဖိုးမသိ တန်ဖိုးနားမလည် လူလိုမသိသူများ လောကတွင် အများအပြားရှိနေကြောင်းကို အလွယ်တကူပင်သိမြင်နိုင်ကြမည်ဖြစ်ပါသည်။ လူဖြစ်သော်လည်း လူလိုမသိသူများ အများအပြားပင်။ လူအဖြစ်သို့ရောက်ရှိနေကြသော်လည်း လူလိုမသိပါက လူအဖြစ်မသတ်မှတ်နိုင်ပါချေ။ လူအဖြစ် သို့ရရှိသော်ငြားလည်း လူ့အလုပ်ကိုမလုပ်ကိုင်ကြပါမူ လူအဖြစ်မသတ်မှတ်နိုင်ပါချေ။ လူလူချင်း မသိ။ အတ္တသာ ရှေ့တန်းတင် ထားသမျှ လူလိုသိမည်မဟုတ်ပါချေ။ ကျွန်တော်တို့မြန်မာလူမျိုးစုအများအပြားတွင် လက်လုပ် လက်စား သမားအများစုတွင် မြင်တွေ့လွယ်သော အကျင့်စရိုက်တစ်ခုအား ဖော်ပြလိုပါသည်။ လက်လုပ်လက်စား ဆိုသည့်အတိုင်းပင် တစ်နေ့လုပ်မှ တစ်နေ့စားရသောလူများသာ များပြားပေသည်။ ထိုတစ်နေ့လုပ် တစ်နေ့စား များသည် ယနေ့အဆင်ပြေနေပါက မည်သည့်အလုပ်ကိုမျှ ဖြောင့်အောင်မလုပ်ချင်ကြတော့။ အရက်လေးသောက်၊ ဘီယာလေးစုတ်၊ ကြွေလေးပစ်ကာနေကြလေတော့သည်။ ငွေရမည့်လုပ်ငန်းပင်ဖြစ်သော်လည်း မလုပ်လိုကြ တော့သည်ကို တွေ့မြင်ရပါသည်။ လက်သမားတစ်ဦးအား သွပ်တစ်ချပ်လန်နေသဖြင့် သွားရောက်ခေါ်ကြည့်ပါ။ ငွေကြေးအဆင်ပြေနေပါမူ ခေါ်ရန်မလွယ်ကူပါ။ ငွေကြေးအဆင်မပြေလျင်တော့ ထလိုက်လာပါလိမ့်မည်။


01.png

Image from google


ကျော်ကြားမှု တိုင်းသည် ကျွန်တော့်အနေဖြင့်မူ ဂုဏ်ယူစရာကောင်းသည်ဟု မထင်မြင်မိပါ။ လူအများသိတိုင်း ကျော်ကြားမှုရှိတိုင်း ဂုဏ်ယူစရာတစ်ခုအဖြစ် မမြင်မိပါချေ။ တစ်ချို့သော အနုပညာရှင်များ၊ အဆိုတော်များသည် ကျော်ကြားမှုရှိကြပါပေသည်။ ထို့အတူ တစ်ချို့သော လူမိုက်များ၊ လူဆိုးများသည်လည်း ကျော်ကြားမှု ရှိကြပါ သည်။ လူသိတာချင်းလည်းအတူတူ။ ကျော်ကြားမှုလည်းအတူတူပင်ဖြစ်ပါသည်။ သို့သော် မတူခြားနားနေသည်က ကောင်းမှု နှင့် မကောင်းမှု ပင်ဖြစ်မည်ထင်ပါသည်။ အဆိုတော် အနုပညာရှင်သရုပ်ဆောင်များထဲမှာပင် တစ်ချို့ ကျော်ကြားမှုသည် အရည်အချင်းနှင့်ပြည့်စုံသကဲ့သို့ ကောင်းမွန်သောနာမည်ကျော်ကြားမှုရှိတတ်သော်လည်း အချို့မှာမူ မကောင်းသောနာမည်ကျော်ကြားမှုဖြင့် ရပ်တည်နေကြကြောင်း သတိပြုမိမည်ထင်ပါသည်။ ကောင်းခြင်း မကောင်းခြင်းကို လူတစ်နှင့်တစ်ဦး ခံယူချက်ခြင်း တူချင်မှတူနိုင်ပေမည်။ တစ်ဦးက ကောင်းမှုဟု ခံယူထားသော်လည်း တစ်ဦးက ထိုအရာအား မကောင်းမှုဟု မြင်တတ်ကြောင်း သိမြင်နိုင်ပေသည်။


02.png

Image from google


အခါအခွင့်သင့်သဖြင့် လူသိ ရှင်ကြား အကြောင်းကို ဗဟုသုတအဖြစ် အနည်းငယ် ထည့်သွင်းဖော်ပြလိုပါသည်။ လူသိ ရှင်ကြား ဆိုသောအဓိပ္ပါယ်ကား လူအများလည်းသိကြသည်။ ရဟန်း ရှင်များလည်း ကြားသိကြပေသည်ဟု ဖွင့်ဆိုနိုင်မည်ထင်ပါသည်။ ကျွန်တော်တို့ပတ်ဝန်းကျင်တွင်လေ့လာကြည့်မည်ဆိုပါက လူသိရှင်ကြား မလုပ်ရဲသော ကိစ္စဖြင့် နာမည်ကျော်ကြားနေသူ အများအပြားရှိမည်ဖြစ်ပါသည်။ လူအများသိရန်သည် မလွယ်ကူပါ။ ထို့အတူပင် ရှင်ကြားရန်လည်း မလွယ်ကူနိုင်ပါ။ လူသိရှင်ကြား ဖြစ်တိုင်းလည်း ကောင်းမွန်သောအဖြစ်ရရှိနိုင်ကြသည် မဟုတ်ပါ။ ကမ္ဘာအရပ်ရပ်တွင် နာမည်ကျော် မြောက်ကိုရီးယားမှ ဖက်တီးလေးသည် လူသိရှင်ကြားဖြစ်သော်လည်း ကောင်းသည် မကောင်းသည်ကို မည်သို့ဆုံးဖြတ်ကြရမည်နည်း။ လူသိရှင်ကြားဖြစ်သော်လည်း ကောင်းသော လူသိရှင်ကြားခြင်းလော။ မကောင်းသော လူသိရှင်ကြားခြင်းလော။ စဉ်းစားရန်တော့လိုမည်ပင်။ မကောင်းသော လူသိရှင်ကြားဖြစ်ခြင်းကိုမူ မကောင်းသောအကျင့်ရှိသူတို့ကသာ လိုလားကြမည်ဖြစ်သော်လည်း ကောင်းသော လူသိ ရှင်ကြားခြင်းကိုကား မည်သူမဆို အလိုရှိကြမည်ဖြစ်ပေသည်။ မည်ကဲ့သို့သော လူသိရှင်ကြားဖြစ်လိုပါသနည်း။


03.png


ကျော်ကြားခြင်း၏နောက်ကွယ်တွင် လူသိရှင်ကြားဖြစ်နေသော အကြောင်းအရာတို့ကို ဆန်းစစ်သင့်သည်မဟုတ်ပါ လား။ ကောင်းမွန်သော လူသိရှင်ကြားဖြစ်နေသူတို့အား လူတိုင်း ရိုသေ လေးစားခြင်းများရှိကြမည်ဖြစ်ပါသည်။ မကောင်းမှုဖြင့် ကျော်ကြားနေသော လူသိရှင်ကြားနေသူများသည် လူတိုင်းက ကြောက်ရွံ့မှုဖြင့် ဆက်ဆံရမည် သာဖြစ်ပါသည်။ လူအများကြောက်ရွံ့တာကောင်းသည်ဟု ထင်နေသူများအနေနှင့်တော့ ကိုက်ညီနိုင်ပါသည်။ ကောင်းသောဘက်တွင် ကျော်ကြားမှု မရနိုင်သောကြောင့် မကောင်းသောလူဆိုးအလုပ်ကို လုပ်ကိုင်သွားသော လူဆိုးကြီးတစ်ဦးအကြောင်းကို ဖတ်ဖူးပါသည်။ သို့သော် သေချာမမှတ်မိတော့သောကြောင့် မဖော်ပြနိုင်ပါ။ ကျော်ကြားခြင်းကို အလိုရှိခြင်းသည် အပြစ်တစ်ခုမဟုတ်ပါ။ သို့သော် မိမိတို့ အလိုရှိသော ကျော်ကြားခြင်းသည် မည်ကဲ့သို့သော ကျော်ကြားခြင်းလည်းဆိုသည်ကိုတော့ မကျော်ကြားခင်ကပင် ဆန်းစစ်သင့်ပါသည်။ ကျော်ကြားမှု ကို ကျွန်တော်တို့အားလုံး လိုလားကြသည်မှာ အမှန်ဖြစ်သကဲ့သို့ ကောင်းသော ကျော်ကြားမှုသာဖြစ်ရန်ကြိုးစား အားထုတ်နိုင်ကြပါစေ။ လူရိုသေ ရှင်ရိုသေ သောကျော်ကြားမှုများကိုသာ အလိုရှိကြပါစေကုန်။ လူကြောက် ရှင်ကြောက်သော ကျော်ကြားမှုများကို အလိုမရှိကြပါစေနှင့်။ အောင်မြင်မှု ကျော်ကြားမှုများကို လက်ဝယ်ပိုင်ပိုင် ရရှိနိုင်ကြပါစေလို့ ဆုမွန်တောင်းရင်း ရပ်နားလိုက်ပါသည်။


Success in Steemit အောင်မြင်ကြပါစေဗျာ.....

လေးစားစွာဖြင့်

Yours respectfully

stemit ansoe myanmar no word logo.png

ရေးသားသူ(Author) _

@ansoe (MSC 012)

Soe Naing

Myanmar Steemit Community myanmar steemit community 1x1.png

6-Feb-2018 အင်္ဂါနေ့(Tuesday)