ပျော်ရွှင်စရာ ခရစ္စမတ် (Merry Christmas , Happy Christmas)
ချစ်လှစွာသောမြန်မာစတီးမစ်မိသားစုဝင် အပေါင်းတို့ မင်္ဂလာပါခင်ဗျာ။
Mingalar par. My dear Myanmar steemians families.
Merry Christmas
Happy Christmas
လို့ အရင်ဦးဆုံး အော်လိုက်ပါရစေခင်ဗျ။
We wish you a merry christmas
Video from You Tube
ဒီနေ့ဟာ ကမ္ဘာပေါ်တွင် ရှိရှိသမျှ တိုင်းပြည်အသီးသီး နိုင်ငံအသီးသီးတို့တွင် Christmas ပွဲတော်ကျင်းပကြသည့် Christmas အချိန်ကာလဖြစ်ပါသည်။ ထို့ကြောင့် Christmas နေ့လေးအကြောင်းအနည်းသောဗဟုသုတရရှိကြ စေရန်အတွက် ယခုဆောင်းပါးအားရေးသားလိုက်ခြင်းဖြစ်ပါသည်။ အခြားသောသူများလည်း Christmas အကြောင်း ရေးသားကြမည်ထင်ပါသည်။ သို့သော်လည်း မတတ်နိုင်ပါ။ ရေးလိုသောစိတ်ကိုတားမရသောကြောင့် ရေးဖြစ်အောင်ပင်ရေးလိုက်ပါသည်။ ဗဟုသုတရကြပါစေခင်ဗျာ။ Christmas အချိန်အခါလေးမှ ပျော်ရွှင်ကြပါစေ။ ချစ်သောသူအပေါင်းနှင့်လည်း မကွဲမကွာ မခွဲမခွဲ လက်တွဲပျော်ရွှင်နိုင်ကြပါစေဗျာ။
Image from google
Christmas ဆိုတာ ဘယ်လိုအကြောင်းအရာကနေဖြစ်ပေါ်လာခဲ့ပါလဲဟု ဗဟုသုတအဖြစ် သိထားသင့်သည်မဟုတ်ပါလား။ ဒီတော့ Christmas ဖြစ်ပေါ်လာရပုံလေးကိုရေးသားချင်စိတ်ဖြစ်လာပါသည်။ ခရစ်ယာန်ဘာသာဝင်(Christian)များ၏ ဘုရားသားတော် ယေရှု_Jesus မွေးဖွားရာဖြစ်သော December 25 ရက်နေ့ကို ဂုဏ်ပြုသောအားဖြင့် Christmas နေ့အဖြစ် သတ်မှတ်ထားခဲ့ကြကြောင်း သိရှိရပါသည်။ အချို့သောသူများကလည်း December 25 ရက်နေ့သည် ယေရှု(Jesus) ၏ တကယ့်မွေးနေ့မဟုတ်ဟု လည်းဆိုကြပါသည်။ ယေရှု(Jesus) မွေးဖွားလာလိမ့်မည်ဟု နိမိတ်ဖတ်သောနေ့နှင့် ကိုးလတိတိကွာခြားသောနေ့ရက်အား သတ်မှတ်ထားခြင်းဖြစ်သည်ဟုဆိုပါသည်။ မည်သို့ပင်ဆိုစေကာမူ Christmas နေ့သည် ခရစ်ယာန်ဘာသာဝင်(Christian) များနှင့်သာ သက်ဆိုင်သည့် နေ့တစ်နေ့ဖြစ်သော်လည်း ယခုအချိန်တွင်မူ တစ်ကမ္ဘာလုံးတွင် အခြားဘာသာဝင်များပါ ၀င်ရောက်ဆင်နွှဲနေသော ပွဲတော်တစ်ခုဖြစ်ပါသည်။ ခရစ်ယာန်ဘာသာဝင်(Christian)မဟုတ်သူများလည်း ၀င်ရောက်ဆင်နွှဲလာကြသည် ကို အလွယ်တကူပင်မြင်တွေ့နိုင်ကြပါသည်။ ချစ်ကြည်ရင်းနှီးမှု၏ သင်္ကေတပင်ဖြစ်ပါမည်။ Christmas နေ့ကို ဆင်နွှဲကြရာတွင် သီချင်းများဖြင့်ဖျော်ဖြေခြင်း၊ Greeting Card ပေးပို့ခြင်း၊ လဲလှယ်ခြင်း၊ လက်ဆောင်ပစ္စည်းများ ပေးပို့ခြင်းများအပြင် ဘုရားကျောင်းများ(Church)တွင် ပွဲလမ်းသဘင်များဖြင့် ဖျော်ဖြေကြကြောင်း သိမှတ်ရပါ သည်။ ဆန်တာကလော့_Santa Claus အမည်ပေးထားသော လူထူးဆန်းကြီးမှလည်း ကလေးမျာအား လက်ဆောင်များလိုက်လံပေးလေ့ရှိကြောင်း သိရှိရပါသည်။
Image from google
Christmas အချိန်အခါတွင်ပျော်ပွဲရွှင်ပွဲများ ကျင်းပပြုလုပ်လေ့ရှိပါသည်။ ကျွန်တော်တို့မြန်မာနိုင်ငံတွင် အများအား ဖြင့် ခရစ်ယာန်(Christian)ဘာသာဝင် မိသားစုများသာ ဘုရားကျောင်း(Church)များတွင်သာကျင်းပလေ့ရှိပါ သည်။ သို့သော် အခြားသောနိုင်ငံခြားတိုင်းပြည်များတွင် ပျော်ပွဲရွှင်ပွဲများ အကြီးအကျယ် နှစ်စဉ် Christmas ရောက်တိုင်းကျင်းပလေ့ရှိကြကြောင်းကိုလည်း မှတ်သားဖူးပါသည်။ မြို့များ၏ အချက်အချာကျသောနေရာများ တွင်လည်းကောင်း၊ ထင်ရှားကျော်ကြားသော အဆောက်အဦများတွင်လည်းကောင်း မီးလုံးများဖြင့်လည်း အလှဆင်ကြခြင်းဖြင့်လည်း အပြိုင်အဆိုင် ပြုလုပ်ကြသည်ဟုဆိုပါသည်။ ရာသီဥတုအေးလွန်းသောဒေသများတွင် နှင်းများဖြင့်လည်းကောင်း၊ ရေခဲများဖြင့် လည်းကောင်း ပုံဖော်အလှဆင်တတ်ကြပါသည်။ Chirstmas သည်နှစ်ကုန်ပိုင်းဖြစ်သော ဒီဇင်ဘာလတွင်ကျရောက်သဖြင့် ကုန်ပစ္စည်းများအားလုံးနီးပါးကိုလည်း ဈေးလျော့ချ ရောင်းကြသည်ဟုဆိုပါသည်။ ထို့ကြောင့် Christmas အချိန်အခါတွင် ဈေးဝယ်သူများ အင်မတန်များပြားကြသည် ဟုလည်းဆိုကြပါသည်။ လူတိုင်းလူတိုင်းကလည်း Chirstmas နှင့်သက်ဆိုင်သော အ၀တ်အစားများကို ၀တ်ဆင် ကာ သွားလာကြသည်။ အမှတ်တရဓာတ်ပုံများလည်းရိုက်ကြသည်။ ဈေးဝယ်ထွက်ခြင်းရန်လမ်းလျောက်ခြင်းဖြင့် အလှဆင်ထားသော မီးလုံးများကို ကြည့်ရှုခံစားကြသည် ဟုဆိုပါသည်။
Image from google
ဘုရားကျောင်း(Church)များတွင် ပျော်စရာ ဂိမ်းများအပြင် ဆုတောင်းပွဲများ၊ တရားဟောပွဲများပြုလုပ်ကြသည်။ ပျော်စရာကောင်းသောအစီအစဉ်တစ်ခုမှာ Christmas အချိန်အခါမတိုင်မီကပင် အုပ်စုလိုက် အဖွဲ့လိုက် ဘုရားသခင် နှင့် ယေရှု(Jesus) တို့၏ ဂုဏ်ကျေးဇူးအား ချီးမွမ်းထားသော သီချင်းများဖြင့် မြိုင်မြိုင်ဆိုင်ဆိုင် လိုက်လံသီဆို ဖျော်ဖြေပေးခြင်းဖြစ်ပါသည်။ မြန်မာနိုင်ငံတွင်လည်း ထိုကဲ့သို့ ဓလေ့ရှိပါသည်။ ကျွန်တော်မြစ်ကြီးနားမြို့သို့ ဒီဇင်ဘာလအတွင်း ရောက်ရှိခဲ့စဉ်က ဒီဇင်ဘာလ တစ်လလုံးပင် ကလေး လူကြီးမကျန် ညစဉ် သီချင်းလိုက်ဆိုကြသည်ကိုတွေ့ကြုံခဲ့ပါသည်။ ဆုများလည်းတောင်းပေးကြပါသည်။ အင်မတန်ကြည်နူးပျော်ရွှင်စရာကောင်းလှပါသည်။ ကျွန်တော်ကိုယ်တိုင်လည်း လိုက်လံသီဆိုခဲ့ဘူးပါသည်။ သီချင်းများအား ကောင်းစွာမသီဆိုတတ်သော်လည်း အခြားသူများနှင့်ရောယောင်ကာ အော်ဟစ်သီဆိုခဲ့ဘူးပါ သည်။ ပျော်ရွှင်စရာလည်း အင်မတန်ကောင်းလှပါသည်။ လိုက်လံသီဆိုပေးကြသောအဖွဲ့သားများသည် သာမန်ကာ လျံကာသီဆိုခြင်းမဟုတ်ပဲ အမှန်တကယ်စေတနာပါပါ ဆုတောင်းသီချင်းများအားသီဆိုခြင်း၊ ဆုတောင်းပေးခြင်းများ ဖြစ်သည်ကိုလည်း တွေ့မြင်ရပါသည်။ ကြည်နူးဖွယ်လည်း ကောင်းလှပါသည်။ ထိုကဲ့သို့ လိုက်လံ ဆုတောင်းသီချင်းဆိုပေးခြင်း၊ ဘုရား နှင့် ယေရှု(Jesus)တို့၏ ဂုဏ်ကျေးဇူးဖော်သီချင်းများဖြင့် ဖျော်ဖြေရန်လာရောက်သောအဖွဲ့များအားလည်း အိမ်ရှင်မှ မုန့်ပဲသရေစာများဖြင့်လည်း တည်ခင်းဧည့်ခံကြပေ သည်။ အလွန်အင်မတန် ချစ်စရာကောင်းသော အလေ့အကျင့်တစ်ခုဟုလည်း ထင်မြင်မိပါသည်။
Image from google
Christmas အချိန်အခါတွင် အထက်တွင်ရေးသားခဲ့သည့်အတိုင်း Santa Claus ဆိုသော လူထူးဆန်းကြီး အကြောင်း မပါလျှင်မပြီးပါ။ ထိုလူထူးဆန်းကြီးသည်ကား တစ်နှစ်ပတ်လုံး လိမ္မာရေးခြားရှိသော ကလေးသူငယ်များအား မှတ်သားထားကာ Christmas အချိန်အခါတွင် လက်ဆောင်များလိုက်လံပေးခြင်းဖြစ် သည်ဟု ဆိုကြပါသည်။ သင်သည်တကယ်လို့များ ဆိုးသွမ်းသောကလေးတစ်ယောက်ဖြစ်ခဲ့ပါလျှင် Santa Claus ၏ လက်ဆောင်များမရရှိနိုင်ပါချေ။ Christmas ရောက်ပြီဆိုပါကလည်း ကလေးများအားလုံးသည် မိမိတို့၏ အိပ်ယာဘေးတွင်လည်းကောင်း၊ မီးလင်းဖိုဘေးတွင်လည်းကောင်း ခြေအိတ်လေးများချိတ်ဆွဲထားတတ်ကြပါ သည်။ အဘယ့်ကြောင့်ဆိုသော် လူထူးဆန်းကြီး Santa Claus က ထိုခြေအိတ်လေးများထဲသို့ လက်ဆောင်များ ထည့်ပေးသွားတတ်သောကြောင့်ဖြစ်သည်ဟု ဆိုပါသည်။ နံနက်မိုးလင်းလျှင် မိမိတို့ရရှိမည့်လက်ဆောင်လေးများ ခြေအိတ်လေးများအတွင်းသို့ရောက်ရှိနေသည်ဟုလည်းဆိုပါသည်။
Merry Christmas Best Dance Kids - Jingle Bells 2017 | Crazy Frog
Video from You Tube
ကျွန်တော်မှတ်သားထားသမျှလေးများသည် ဒီနေရာမှာတင်ကုန်ဆုံးသွားပါပြီခင်ဗျာ။ ဆက်လက်ရေးသားရန် အတွက်လည်း နောက်ထပ်အချက်အလက်များမရှိတော့ပါ။ ကျွန်တော်သည် Christmas ကိုသတိမရသည်မှာ နှစ်ပေါင်းအတော်ကြာခဲ့ပါပြီ။ ယခု Steemit တွင်ဝင်ရောက်ကာ စာရေးသားမိသောအချိန်တွင်မှ ဆရာကိုဟင်နရီအောင် နှင့် ဆက်နွှယ်ခြင်းဖြင့် Christmas ကိုပြန်လည်သတိရမိသည်ကို ၀န်ခံရပေမည်။ Christmas ကို ကျွန်တော်သည် မြန်မာနိုင်ငံအနေဖြင့် သိပ်မစိမ်းခဲ့သကဲ့သို့ သိပ်လည်းမရင်းနှီးပါ။ သို့သော် ဖတ်ထား မှတ်ထား သောစာစုလေးများအား ပြန်လည်ရှာဖွေကာ ရေးသားလိုက်ခြင်းဖြစ်သောကြောင့် ပြည့်စုံမှုမရှိနိုင်တော့ပါ။ အမှားအယွင်းများပါလာပါလည်း ကျွန်တော့်၏ မပြည့်မစုံ ဗဟုသုတကြောင့်သာဖြစ်ပါသည်။ မှားယွင်းမှုရှိပါက ပြုပြင်ပေးကြပါခင်ဗျ။ ဆက်လက်ရေးရန်လည်းမရှိတော့သောကြောင့် ဒီနေရာမှာပင် နိဂုံးချုပ်ခွင့်ပြုပါခင်ဗျာ။
Merry Christmas Songs လေးများ နားဆင်သွားကြပါအုံးခင်ဗျာ။
Merry Christmas Songs || Best Songs Merry Christmas 2018
Video from You Tube
Merry Christmas
Happy Christmas
I wish you a merry christmas
May the spirit of the Christmas fill your home with peace, joy and love. I wish you all merry Christmas and Happy new year.
Read more at: http://easyday.snydle.com/christmas-wishes.html | Easyday
Steemit တွင် ၀င်ရောက်လုပ်ကိုင်နေကြပါကုန်သော Myanmar Members အားလုံး အားလုံး အောင်မြင်ကြပါစေခင်ဗျာ.....
Success in Steemit
လေးစားစွာဖြင့်
Yours respectfully
ရေးသားသူ(Author) _
@ansoe (MSC 012)
Soe Naing
Myanmar Steemit Community 
25-12-2017 တနင်္လာနေ့(Monday)