“Verification post to the Super 8 Ball Club”
ချစ်လှစွာသော စတီးမစ်မိသားစုဝင်အပေါင်းတို့ မင်္ဂလာပါခင်ဗျာ။
Mingalar par. My dear steemians families.
တခါတလေမှာ ဘာမှလုပ်ချင်စိတ်မရှိတော့ရင် Game ကစားလိုက်ရင် စိတ်အပန်းပြေသွားတတ်တာတွေ ရှိပါတယ်ဗျာ။ လွန်ခဲ့သောရက်အနည်းငယ်က Leader ကိုဟင်နရီအောင်ကမှ ဘိလိယက်လို့ခေါ်တဲ့ Super 8 ball ဆိုတဲ့ ဂိမ်းလေးကို ချပြပေးရင်းနဲ့ Steem များရရှိ နိုင်ကြောင်းပြောလာပါတယ်။ ဆရာကိုညီညီဝင်း @nyinyiwin (ကွှီးရွှေ) မှာ ဘိလိယက်ကို အပြင်တွင်လည်း အမှန်တကယ် ကစားခဲ့ဘူးသော ချန်ပီယံတစ်ယောက်လား ဂျလေဘီတစ်ယောက်လားတော့ မသိပါ။ အတော်ကျွမ်းကျင်တော့ ကွှီးရွှေကို ဆရာတင်ပြီးတော့ စမ်းဆော့ကြည့်ရမှာပဲဆိုပြီး Account လုပ်ထားလိုက်ပါတော့တယ်။ ကွှီးရွေကို ဆရာတင်ရမှာဆိုလေတော့ ဂျလေဘီအဖြစ်တော့ ထားလို့မဖြစ်ပေတော့ဘူး။ ဒီတော့ ချန်ပီယံ ကွှီးရွှေ အဖြစ် ပေးလိုက်မှာ ချန်ပီယံတပည့် ဖြစ်တော့မှာ။ ဒီတော့ ချန်ပီယံ ကွှီးရွှေ ကိုဆရာတင်ကာ 8 Ball Club အား ၀င်ရောက်ကာ တွေ့ကရာအကုန်ထိုးချပါတော့မယ်။
ပျင်းရင် Game ဆော့တတ်ပေမယ့် ဘယ် Game မှ ကျွမ်းကျွမ်းကျင်ကျင်မကစားဖူးပါဘူး။ ဒါပေမယ့်လည်း Steem ရမယ်ဆိုတော့ စမ်းကစားမယ်ဆိုပြီးတော့ Account ဖွင့်လိုက်ပါတယ်။ ဒါပေမယ့် Verify မဖြစ်တော့ ကစားလို့မရဘူးဖြစ်နေပါတယ်။ Verification Post တင်မှသာ ရမယ်ဆိုတော့ အရှုံးမရှိပါဘူးလေ။ ဘာကြောင့်လဲဆိုတော့ Post တစ်ခုတင်ပြီးသားဖြစ်သွားတာပေါ့။ ဒါလဲ အမြတ်တစ်ခုပဲ မဟုတ်လား။ Super 8 Ball Clu Game ကိုတော့ Google Play ကနေ ဒေါင်းထားပြီး တောင်ကြည့် မြောက်ကြည့် လျောက်ကြည့်လုပ်တော့ ပြီးသွားပါပြီ။
ဒါကြောင့် Verify လည်းဖြစ် Post လည်း တင်ပြီးသားဖြစ်အောင်ဆိုပြီးတင်လိုက်ပါတယ်။ RP 60 ကနေဆို ဓာတ်ပုံတင်ပေးစရာမလိုဘူးလို့ ပြောထားတယ်ထင်ပါတယ်။ ဒါကြောင့် ဓာတ်ပုံတော့ မတင်တော့ပါဘူး။ ကြည့်မိသူတွေ ညည လန့်အော်နေမှာစိုးလို့ပါ။ ခု Post က Verification Post ဖြစ်ပေမယ့် တကယ်လို့များ Verify မဖြစ်ခဲ့ရင်တော့ နောက်ထပ် Verification Post ထပ်တင်တာပေါ့လေ။ ထပ်တင်တော့ ထပ်ရတာပေါ့။ ကြိုးစားထားကြပါ။ ဘိလိယက်ပဲ ထိုးနေကြလို့တော့ မဖြစ်ပေဘူးပဲ။ စာလေးတွေလည်း ရေးမှ အဆင်ပြေပေလိမ့်မယ်။
My STEEM user name is "@ansoe"
My game tracking name is also "ansoe".
All participant should try this game and get STEEM.
Please, verify and enable my game tracking account.
Thanks,
ansoe
Success in Steemit အောင်မြင်ကြပါစေဗျာ.....
လေးစားစွာဖြင့်
Yours respectfully
ရေးသားသူ(Author) _
@ansoe (MSC 012)
Soe Naing
Myanmar Steemit Community 
8-May-2018 အင်္ဂါနေ့(Tuesday)