Windows 10

Wallpaper Image Compression ကိုဘယ်လို disable လုပ်မလဲ

win 10.jpg

Windows မှာ တစ်ခါတလေ ကိုယ်လိုချင်တဲ့ wallpaper တွေကို ထည့်သွင်းသုံးစွဲတဲ့အခါမှာ Windows ဟာ အလိုအလျောက် ပုံတွေရဲ့ အရည်အသွေးကို လျှော့ချပေးလိုက်ပါတယ်။ နဂိုမူရင်းအရည်အသွေးနဲ့ ပုံတွေကို wallpaper အဖြစ် အသုံးပြုမယ်ဆိုရင် disk space နဲ့ memory သုံးစွဲမှုတွေကို လျှော့ချပေးမှာဖြစ်ပါတယ်။ Windows 10 မှာ wallpaper image တွေကို မူလ အရည်အသွေး မလျော့ကျစေချင်လို့ အလိုအလျောက် compress လုပ်တာတွေကို disable လုပ်ချင်တယ်ဆိုရင် ဖော်ပြပါနည်းအတိုင်းပြုလုပ်နိုင်ပါတယ်။

Windows 10 မှာ wallpaper compression feature ကို disable လုပ်ချင်တယ်ဆိုရင် registry editor ကနေ ပြင်ဆင်ရမှာဖြစ်ပါတယ်။ Registry editor ကို အသုံးပြုမယ်ဆိုရင် သာမန်ကွန်ပျူတာ သုံးစွဲသူများအနေနဲ့ registry ကို backup လုပ်ထားသင့်ပါတယ်။

Registry editor ကို အသုံးပြုဖို့အတွက် Win + R key ကို နှိပ်ပြီး run box ကို ခေါ်ပါ။ ပြီးရင် regedit ဆိုတဲ့ command ကို ရိုက်ထည့်ရပါမယ်။

win 10 1.jpg

Registry editor ကျလာပြီဆိုရင် HKEY_CURRENT_USER\Control Panel\Desktop ဆိုတဲ့ လမ်းကြောင်းအတိုင်း သွားရပါမယ်။

win 10 2.jpg

အဲဒီနောက် ညာဘက်အခြမ်းမှာ right-click နှိပ်ပြီး New > DWORD (32-bit) Value ဆိုတာကို ရွေးပါ။ ပြီးရင် အဆိုပါ ဖိုင်အမည်ကို JPEGImportQuality ဆိုပြီးပေးရပါမယ်။

win 10 3.jpg

နောက်တစ်ဆင့်ကတော့ အဆိုပါဖိုင် အလုပ်လုပ်ဆောင်ဖို့အတွက် double-click နှိပ်ပါ။ Decimal ကိုရွေးပြီး Value data နေရာမှာ 100 ထည့်ပေးရပါမယ်။ ပြီးရင် registry editor ကနေ ထွက်ပြီး ကွန်ပျူတာကို restart လုပ်လိုက်ရင် wallpaper တွေကို compress လုပ်ပေးတဲ့ feature ဟာ disable ဖြစ်သွားပါလိမ့်မယ်။

win 10 4.jpg

သီဟ
Tags: Windows

အင်တာနက်ဂျာနယ်မှ ကူးယူမျှဝေခြင်းသာဖြစ်ပါသည်.....