နှလုံးသားနဲ့ သိမ်းပိုက်ပါ

ချစ်လှစွာသောမြန်မာစတီးမစ်မိသားစုဝင် အပေါင်းတို့ မင်္ဂလာပါခင်ဗျာ။

Mingalar par. My dear Myanmar steemians families.


heart.png


အိပ်မက်ထဲမှာ မြင်နေရသလို
မင်းပုံရိပ်တွေ ငါ့မျက်လုံးထဲ ဘယ်လို ၀င်ရောက်လာခဲ့သလဲ?
တစ်နေ့ တစ်နေ့ မင်းကိုမတွေ့ရမချင်း အမြဲလိုအပ်ချက်ရှိနေတယ်
အဲဒါက ငါ့နှလုံးသားလား? ငါ့အချစ်လား? ငါ့ဘ၀လား?
ငါကိုယ်တိုင် မဝေခွဲနိုင်ဘူး

င့ါရင်ကို မင်းရဲ့ အချစ်ရေလှိုင်းတွေက ဆင့်ကာ ဆင့်ကာ ရိုက်ခတ်လာတယ်
ပြင်းပြင်းထန်ထန် ရိုက်ခတ်လာတဲ့ မင်းရဲ့အချစ်ရေလှိုင်းတွေကို ငြင်းဆန်ဖို့ မကြိုးစားချင်ခဲ့ဘူး
အချစ်ဆိုတာ ချစ်စရာပဲမဟုတ်လား?
မင်း ငါ့ကို ဘယ်လိုပင် ပြစ်တင်ပြောဆို မောင်းထုတ်နေပေမယ့် ငါထွက်မသွားနိုင်တာ အသေအချာပါ
ဘ၀ရဲ့ အချိန်တိုင်း မိနစ်တိုင်း စက္ကန့်တိုင်းမှာ မင်း အတွက်ပဲ ရှင်သန်နေခဲ့တယ်
မင်းကြောင့် ငါသေနိုင်လောက်တယ်

ငါ့အချစ်တွေက မိုးပေါ်မှာ ပေါ်လာတဲ့ ရောင်စုံသက်တန့်လို ခဏလေးနဲ့ အလွယ်တကူ ပျောက်ကွယ်သွားမှာ မဟုတ်ပါဘူး
ဖြူစင်တဲ့ ငါ့နှလုံးသားက မင်းအတွက် ဘယ်တော့မှ ပျောက်ကွယ်မသွားပါဘူး
မင်းကို စတွေ့တဲ့အချိန်ကတည်းက တိတ်တခိုးနဲ့ မင်းကို ရင်ခုန်ခဲ့ရတာပါ
နှလုံးသားက ချစ်တယ် ချစ်တယ် ချစ်တယ် ပြောနေလေရဲ့
ဘယ်သူ့ကိုလဲ မမေးနဲ့ မင်းကို
မင်းရဲ့အဖြေကို စောင့်နေမိတယ် Yes or No
Yes လို့ပြောရင် မင်းအတွက် ဘာတွေများ ဆုံးရှုံးနိုင်မလဲ?


heart 2.png


မင်းနဲ့အတူတူ ခရီးဆုံးထိတိုင် သွားချင်တယ် အေးချမ်းမှုတွေကို ထာဝရ ဖြစ်စေမယ်
ချွန်ထက်တဲ့ အချစ်ရဲ့ဆူးတွေ ငါ့ရင်ကို ဖောက်ထွင်း နာကြင်နေစေပေမယ့် မင်းကိုတော့ ယုယုယယ ထွေးပိုက်ထားမှာပါ
မင်းက No ဆိုလဲ ငါ့အချစ်က လျော့မသွားပဲ ပိုတိုး တိုးလာနေဆဲပဲ
ငြင်းခွင့်ရှိတယ်ဆိုပေမယ့် မငြင်းလိုက်ပါနဲ့
ငါ့ရဲ့ လှပတဲ့အိပ်မက်လေးကို ဆက်မက်ခွင့်ပြုပါ

နှလုံးသားတစ်ခု ရဲ့ ခံစားချက်လေးတွေပါ

နှလုံးသားတစ်ခုနဲ့ ခံစားပေးပါ

နှလုံးသားတစ်ခု ရဲ့ ရေးသားချက်တွေပါ

နှလုံးသားတစ်ခုနဲ့ ဖတ်ကြည့်ပေးပါ

ဒါက ဘ၀တစ်ခုရဲ့ စီးမျောမှု တစ်ခုပဲဖြစ်ပဲ ဘ၀ရဲ့ လိုက်ဖက်တဲ့ကာရံတစ်ခုပဲ

မင်း နှလုံးသားနဲ့ သိမ်းပိုက်လိုက်ပါ



သူများတွေ အချစ် အချစ် အချစ် အော်ဟစ်နေကြလေတော့ ကိုယ်လည်း ရောယောင်ပြီး အချစ်လို့အော်ကြည့်မိတာပါ။ အဆင်မချောပေမယ့် သဘောပေါက်နိုင်မယ်ထင်ပါတယ်။ အချစ်အကြောင်းကို မပြောကြပါနဲ့လို့ ရှေ့လူတွေက မှာကြားခဲ့ပေမယ့် အဲဒီစကားကို နားထောင်ခဲ့ကြတဲ့သူ ဘယ်လောက်မှ မရှိခဲ့တာ ယနေ့တိုင်ပါပဲ။ နောင်လည်း ဆက်ပြောနေကြဦးမှာပါ။ ရှေ့ကလူတွေက အချစ်အကြောင်းမကောင်း ပြောခဲ့ကြမှာပါ။ အချစ်အကြောင်းအကောင်းလည်း ပြောခဲ့ကြမှာပါပဲ။ ဒါပေမယ့် အချစ်အကြောင်းကို မကောင်းပြောတဲ့သူပဲဖြစ်ဖြစ်၊ အကောင်းပြောတဲ့သူပဲဖြစ်ဖြစ်၊ ဘာမှမပြောပဲနေတဲ့သူပဲဖြစ်ဖြစ် အသက်ရှင်သန်နေချိန် အခိုက်အတန့်လေးမှာတော့ အချစ်က လိုအပ်နေမှာ အမှန်ပါပဲ။

အချစ်မရှိတဲ့သူ လောကမှာ မရှိလောက်ပါဘူး။ မရှိချင်ယောင်ဆောင်နေတဲ့ ပိုင်ရှင်မဲ့နေတဲ့ လူပျိုကြီး အပျိုကြီးများပဲ ရှိမှာပါ။ ပိုင်ရှင်မဲ့တွေကို လိုက်ဖမ်းနေတာတော့ သတိပြုကြပါ။


Success in Steemit အောင်မြင်ကြပါစေဗျာ.....

လေးစားစွာဖြင့်

Yours respectfully

stemit ansoe myanmar no word logo.png

ရေးသားသူ(Author) _

@ansoe (MSC 012)

Soe Naing

Myanmar Steemit Community myanmar steemit community 1x1.png

13-Jun-2018 ဗုဒ္ဓဟူးနေ့(Wednesday)