နှစ်ဦးဆွမ်းလောင်းပွဲပုံရိပ်အချို့
ချစ်လှစွာသောမြန်မာစတီးမစ်မိသားစုဝင် အပေါင်းတို့ မင်္ဂလာပါခင်ဗျာ။
Mingalar par. My dear Myanmar steemians families.
ယနေ့သည် ထုံးစံအတိုင်း ဓာတ်ပုံတင်သည့် တနင်္ဂနွေအချိန်ရောက်ရှိလာပြန်ပါပြီ။ ဒီနေ့တော့ မြန်မာနှစ်ကူးအချိန်အခါ စစ်ကိုင်းမြို့၊ မရှိခဏ စေတီရင်ပြင်ပေါ်တွင် ကျင်းပပြုလုပ်ခဲ့သော နှစ်ဦးဆွမ်းလောင်းလှူပွဲ မှတ်တမ်းဓာတ်ပုံအချို့ကို တင်ပေးလိုက်ပါတယ်ဗျာ။
ရာဇ၀င်တွင် အလွန်နာမည်ကြီးထင်ရှားလှသော လူအများစု ခေါ်ဝေါ်ကြသည့် သူခိုးကြီးငတက်ပြား ခေါ် ဦးတက်ပြား တည်ထားခဲ့သော မရှိခဏစေတီ(မဟိယင်္ဂဏစေတီ)တော်ရင်ပြင်တွင် နှစ်သစ် နှစ်ဦးတွင် ကောင်းကျိုးမင်္ဂလာအဖြာဖြာတို့အား ခံစား စံစားရစေလိုသော စိတ်ကောင်းစေတနာတို့ဖြင့် သဒ္ဓါတရားထက်သန်စွာဖြင့် သံဃာတော်အရှင်သူမြတ်တို့အား ဆွမ်း နှင့် အခြားသော ချိုချဉ်အရာသာ တို့အားလည်းကောင်း၊ ၀တ္ထုငွေအစုစုတို့ကိုလည်းကောင်း လောင်းလှူသော မြတ်ဒါန နှစ်ဦးဆွမ်းအလှူဟုခေါ်ဆိုနိုင်ပါမည်။ အခြားသော ဓာတ်ပုံများအား မရှာနိုင်သဖြင့် နှစ်ဦးဆွမ်းအလှူမှတ်တမ်းပုံအချို့အား တင်ပေးလိုက်ခြင်းဖြစ်ပါသည်။
ယခု ဓာတ်ပုံများအားလုံးသည် အချို့ကို Sony Auto Camera လေးဖြင့်လည်းကောင်း၊ အချို့ကို Smart Phone ဖြင့်လည်းကောင်း ရိုက်ကူးထားခြင်းဖြစ်ပါတယ်။ ကိုယ်တိုင်ရိုက်ကူးသောပုံများလည်း ဖြစ်ပါတယ်။ ဓာတ်ပုံသမားစစ်မဟုတ်လို့ အမှားအယွင်းများကို ထောက်ပြဝေဖန် အကြံပြုနိုင်ပါတယ်။
မရှိခဏ စေတီတော်မြတ်ကြီး
နှစ်ဆန်းတစ်ရက်နေ့ ရာသီဥတု
စစ်ကိုင်းမြို့တွင် နှစ်ဆန်းတစ်ရက်နေ့က နှစ်ဦးဆွမ်းလောင်းလှူပွဲအပြီးတွင် မိုးအနည်းငယ်ရွာသွန်းခဲ့သောကြောင့် ထိုနေ့အနေဖြင့် အပူဒဏ်သက်သာသွားပြီး အေးချမ်းစွာနေခွင့်ရခဲ့ပါသည်။
ဆွမ်းလောင်းလှူရန်အတွက် စောင့်ဆိုင်းနေသူများ
Success in Steemit အောင်မြင်ကြပါစေဗျာ.....
လေးစားစွာဖြင့်
Yours respectfully
ဓာတ်ပုံ(Photo) _
@ansoe (MSC 012)
Soe Naing
Myanmar Steemit Community 
13-May-2018 တနင်္ဂနွေနေ့(Sunday)