မြန်မာစတီးမစ်ကွန်မြူနတီအဖွဲ့ဝင်အသစ်များအတွက် (For Myanmar Steemit Newbies)
ချစ်လှစွာသောမြန်မာစတီးမစ်မိသားစုဝင် အပေါင်းတို့ မင်္ဂလာပါခင်ဗျာ။
Mingalar par. My dear Myanmar steemians families.
ယခုရက်ပိုင်းတွင် ကျွန်တော်တို့ မြန်မာစတီးမစ်ကွန်မြူနတီ(Myanmar Steemit Community)သို့ ၀င်ရောက်လာ ကြသော လူသစ်များ အလွန်များပြားကြပါသည်။ အံ့သြစရာပင်ဖြစ်နေပါသည်။ ဘယ်ကဲ့သို့သောရည်ရွယ်ချက်ဖြင့် ၀င်ရောက်လာကြကြောင်းကိုတော့ သေချာမသိပါ။ မည်သို့သော ရည်ရွယ်ချက်ဖြင့် ၀င်ရောက်လာစေကာမူ မြန်မာ စတီးမစ် ကွန်မြူနတီ(Myanmar Steemit Community)အဖွဲ့သားများမှာ ၀မ်းမြောက် ၀မ်းသာကြိုဆိုကြမည်ပင် ဖြစ်ပါသည်။ သို့သော် လူသစ်များသည် Steemit အကြောင်းကို သေချာစွာလေ့လာခြင်းမရှိသေးပါပဲနှင့် Post များ အားရေးတင်ကြရာ အမှားများစွာကို ကျူးလွန်မိကြသည်ကိုလည်း တွေ့မြင်ရပါသည်။ စိတ်မကောင်းပါ။ အချို့သော Account များဆိုလျှင် သေချာစွာလေ့လာခြင်းမရှိပဲ အခြားသူများ၏ Post တို့ကို ကူးယူခြင်းကြောင့် Cheetah နှင့် ထိပ်တိုက် တွေ့ကာ မြန်မာစတီးမစ်ကွန်မြူနတီမှ ရာသက်ပန်ထုတ်ပယ်ခြင်းခံရလေတော့သည်။ အလွန်တရာဝမ်းနည်းမိသော်လည်း ဘာမှမတတ်နိုင်ပါ။ သေချာစွာ လေ့လာခြင်းမရှိပဲ အလောတကြီး Post တင်လိုသောကြောင့်ဖြစ်မည်ဟု ထင်ပါသည်။ Steemit ကို မိတ်ဆက်ပေးကြသူများ၏ တာဝန်လည်း မကင်းဟု ထင်မြင်မိပါသည်။ သေချာစွာ ရှင်းပြခြင်းမရှိသည့်အတွက် ထိုကဲ့သို့သော အမှားမျိုးကို လွန်ကျူးမိသည်ဟုလည်း ထင်မြင်မိပါသည်။
Image from google
ထို့ကြောင့် ယခုဆောင်းပါးအား ရေးချင်စိတ်ပေါ်လာခြင်းဖြစ်ပါသည်။ လူသစ်များကို စနစ်တကျ နားလည်စေရန် Steemit နှင့်မိတ်ဆက်ပေးသူများတွင် တာဝန်ရှိသည်ဟုလည်း ထင်မြင်ယူဆပါသည်။ ထို့ကြောင့်ပင်ဖြစ်မည်ထင် ပါသည်။ ကျွန်တော်အနေဖြင့် အခြားတစ်စုံတစ်ယောက်ကို ယခုအချိန်ထိ Steemit နှင့် မိတ်ဆက်ပေးခဲ့ခြင်းမရှိ သေးကြောင်း ၀န်ခံအပ်ပါသည်။ အဘယ့်ကြောင့်ဆိုသော် မိတ်ဆက်ပေးသူသည် လူသစ်များအား နားလည်အောင် ရှင်းပြရန်တာဝန် ရှိသည်ဟုလည်းခံယူထားသောကြောင့်ဖြစ်ပါသည်။ လူသစ်များအနေဖြင့်လည်း အလောတကြီး post မတင်သင့်ပါ။ သေချာစွာလေ့လာပြီးမှသာ post တင်သင့်ပါသည်။ Steemit Account ရလျှင်ရခြင်း Steemit မှ ပေးသော Password ကို သေချာစွာသိမ်းဆည်းထားရန်လိုအပ်ပါသည်။ ထိုအချက်သည် အလွန်အရေးကြီးပါသည်။ ငွေသွင်း ငွေထုတ်လုပ်ကြမည်ဆိုလျှင်ပင် ထို Password အား တောင်းမည်ဖြစ်ပါသည်။ ထပ်ပြောပါမည်။ Account ရလျှင် ရခြင်း Steemit မှ ပေးသော Password အား သေချာစွာသိမ်းဆည်းထားရန်လိုအပ်ပါသည်။ ထပ်ပြောပါမည်။ Account ရလျှင် ရခြင်း Steemit မှ ပေးသော Password အား သေချာစွာသိမ်းဆည်းထားရန်လိုအပ်ပါသည်။ Gmail, Google Drive, Cloud Storage စသည့်နေရာများတွင် သေချာစွာ မှတ်မှတ်သားသား သိမ်းဆည်းထားရန်လိုအပ်ပါသည်။ Steemit Account ပြုလုပ်စဉ်က Confirm လုပ်ခဲ့သော Phone, Gmail တို့အား သေချာစွာ မှတ်သားသိမ်းဆည်းထားရန်လိုအပ်ပါသည်။ ပြောင်းလဲခြင်းမပြုလုပ်သင့်ပါ။ ထို့အတူ Password ကိုလည်း ပြောင်းလဲခြင်း မပြုလုပ်သင့်ပါ။ ထိုအရာများသည် Steemit Account နှင့်အမြဲတမ်း ဆက်နွှယ်နေသောကြောင့် အမြဲ Backup လုပ်ထားရန်အရေးကြီးပါသည်။ Phone Number, Gmail, Password တို့ကို ကောင်းမွန်စွာထိန်းသိမ်းထားပါ။
အချို့သောသူတို့သည် Steemit Platform အား Facebook ကဲ့သို့ထင်မှတ်နေကြပါသည်။ မှားယွင်းသော မှတ်ယူမှုဖြစ်ကြောင်း ပြောကြားလိုပါသည်။ Facebook တွင် မိမိတို့အကောင့်အား လုပ်ချင်သလိုလုပ် ရေးရင်သလိုရေး တင်ချင်သလိုတင်ပြီး Account ဖျက်ပစ်လိုက်လို့ ရသော်လည်း Steemit တွင် ဖွင့်ပြီးသား Account တစ်ခုကို ပြန်ဖျက်မရနိုင်တော့ပါ။ လူသစ်များသာမက လူဟောင်းများလည်း သတိထားသင့်သော အရေးကြီးအချက်တစ်ချက်ဖြစ်ပါသည်။ ထို့အတူ မိမိတို့ ရေးတင်လိုက်သော post တစ်ခုသည် Facebook တွင် အချိန်မရွေး အလွယ်တကူ ဖျက်ပစ်နိုင်ပေသည်။ သို့သော် Steemit တွင် မိမိလက်မှ post ခလုတ်အား နှိပ်ပြီးလိုက်သည်နှင့် ထို post အား ပြန်ဖျက်မရတော့ပါ။ ထို့ကြောင့် မိမိတို့၏ Post အားမတင်မီ စဉ်းစားဆင်ခြင် နိုင်ကြပါရန် သတိပေးအပ်ပါသည်။ မိမိတို့ တင်လိုက်သော Post တွင် ပြုပြင်စရာရှိသည်များကိုလည်း အချိန် (၇) ရက်အတွင်းတွင် ပြုပြင်ရပါသည်။ အချိန် (၇) ရက်ကျော်လွန်သွား ပါက ပြုပြင်မရတော့ပါ။ မိမိတို့က တင်လိုက်သော Post ကို ၀င်ရောက်ဖတ်ရှုသည့်လူများမှ ရေးသားထားခဲ့သော Comment များကိုလည်း မိမိက ပြုပြင်ရန်၊ ဖျက်ပစ်ရန်မရနိုင်ပါချေ။ Facebook ကဲ့သို့ Post တင်ရခြင်းဖြစ်သော် လည်း Facebook ကဲ့သို့ မိမိတို့ လုပ်ချင်သလို လုပ်မရကြောင်း သိစေချင်ပါသည်။ သတိပြုဆင်ခြင်စေချင်ပါသည်။ အဓိကအားဖြင့်ပြောရမည်ဆိုသော Facebook တွင် Post တင်ခြင်းအတွက် အကျိုးအမြတ် ပြန်လည်ပေးအပ်ခြင်း မရှိပါ။ Steemit တွင် Post တင်ခြင်းသည်ကား ထိုက်သင့်သော SBD ခေါ် Steem Dollar များကို ပြန်လည်ရရှိခြင်း ပင်ဖြစ်ပါသည်။ ထိုသို့ အကျိုးအမြတ်ပြန်လည်ပေးအပ်ခြင်းသည် Post တင်ပြီး (၇) ရက်ပြည့်လျှင် မိမိတို့၏ Blog ခေါ် Account ၏ Wallet ထဲသို့ရောက်ရှိလာမည်ဖြစ်ပေသည်။ မည်သို့သော ရာခိုင်နှုန်းဖြင့်ရရှိသည်ကိုကား အခြားသောသူများလည်း သေချာစွာရေးသားထားကြသည်ကို တွေ့မြင်ထားသောကြောင့် မရေးတော့ပါ။ အတိုချုပ်ပြောရမည်ဆိုသော် မိမိတို့ Post တွင် ရရှိသော SBD ၏ 75% သည် Post တင်သူက ရရှိခြင်းဖြစ်ပြီး ကျန် 25% သည် မိမိ Post တွင် Comment ရေးသူများအား ခွဲဝေပေးရခြင်းဖြစ်ပါသည်။ ဥပမာအားဖြင့် မိမိ Post သည် 1 SBD ရရှိသည်ဆိုပါက 0.75 SBD သည် Post တင်သူမှ ရရှိမည်ဖြစ်ပြီး ကျန် 0.25 SBD သည် Comment ရေးသူအားလုံးကို ခွဲဝေပေးခြင်းဖြစ်ပေသည်။ ထို့ကြောင့် အခြားသူများ၏ Post တွင် မိမိတို့က Comment ရေးပေး ခြင်းဖြင့်လည်း SBD(Steem Dollar) သို့တည်းမဟုတ် Steem Power များရရှိလာသကဲ့သို့ Reputation ခေါ် နာမည်ဂုဏ်သတင်း ကျော်ကြားမှုလည်းတိုးလာပါသည်။
ဆက်လက်ရေးသားပေးလိုသည်မှာ မိမိတို့ Account Name ဘေးတွင်ရှိသော ဂဏန်းလေးများအကြောင်းကိုဖြစ် ပါသည်။ ထိုဂဏန်းလေးများသည် Account စတင်ရရှိချိန်တွင် 25 ဟုပြသနေမည်ဖြစ်ပါသည်။ ထို 25 သည် မိမိတို့၏ နာမည်ဂုဏ်သတင်း ကျော်ကြားမှု၊ လူသိများမှုဟုခေါ်ဆိုရမည့် Reputation ပင်ဖြစ်ပါသည်။ ထိုဂဏန်းလေးများသည်လည်း မိမိတို့အတွက် အရေးပါလှပါသည်။ မည်သို့အရေးပါသနည်းဆိုပါက ထိုဂဏန်းများ ပိုမိုရရှိလာခြင်းသည် မိမိတို့၏ နာမည်ဂုဏ်သတင်း ပိုမိုကျော်ကြားလာမှု၊ ပိုမိုလူသိများလာမှုကို ဆိုလိုခြင်းဖြစ်ပါသည်။ နာမည်ဂုဏ်သတင်းသည် လူသိများကျော်ကြားလာလေ မိမိတို့အတွက်အခွင့် အရေးပိုရလေဖြစ်ကြောင်းကို သိနားလည်ထားကြမည်ထင်ပါသည်။ ထို နာမည်ဂုဏ်သတင်းကျော်ကြားမှုသည် Cheetah, Steemit Cleaner တို့ဝင်ရောက်လာပါက ထိခိုက်ပျက်စီးတတ်ပါသည်။ Cheetah ကမည်သို့သောအချိန်တွင် ၀င်ရောက်လာတတ်သနည်း။ Steemit Cleaner မည်သည့်အချိန်တွင် ၀င်ရောက်လာတတ်သနည်း။ သိထားမှသာလျှင် လူသစ်များအနေဖြင့် သတိထားဆင်ခြင်နိုင်မည်ဖြစ်ပါသည်။ အခြားသူများ၏ စာများကို ကူးယူကာ Post တင်ခြင်းကြောင့် Cheetah ၀င်ရောက်လာတတ်သကဲ့သို့ Post နှင့် မသက်ဆိုင်သော Tag များထည့်ထားမိပါက Steemit Cleaner ၀င်ရောက်လာတတ်ကြောင်းကိုလည်း သတိပြုဆင်ခြင်ကြရမည်ဖြစ်ပါသည်။ Tag List တွင် Steemit အကြောင်းရေးသားထားချက်များမပါရှိပါဘဲနှင့် Steem, Steemit စသည်တို့အား ထည့်သွင်းမိပါက သေချာပေါက် Steemit Cleaner ၀င်လာမည်ဖြစ်ပါသည်။ ထိုသို့ Cheetah နှင့် Steemit Cleaner ၀င်ရောက်လာ သော Post များအား မည်သူကမျှ vote မပေးကြတော့ပါ။ အဘယ်ကြောင့်ဆိုသော် မိမိတို့၏ Reputation ခေါ် ကျော်ကြားမှုကို ထိခိုက်မည်ဖြစ်သောကြောင့်ပင်ဖြစ်ပါသည်။
Image from google
Steemit အကြောင်းအရာများကို ရေးသားမည်ဆိုပါက Post တစ်ခုလောက်နှင့် ပြီးပြည့်စုံရန်မဖြစ်နိုင်သကဲ့သို့ စာအုပ်တစ်အုပ်ထုတ်လျှင်ပင် ပြည့်စုံနိုင်မည်မဟုတ်ပါချေ။ ယခုဆောင်းပါးသည် Myanmar Steemit Community သို့ အသစ်ဝင်ရောက်လာကြသော Member အသစ်များအတွက် အထောက်အကူဖြစ်စေရန် အတွက် ရေးသားခြင်းဖြစ်သဖြင့် ပြည့်စုံရန်မဖြစ်နိုင်ပါချေ။ သတိပြုဆင်ခြင်နိုင်ရန်လောက်သာ ရေးသားလိုက်ခြင်း ဖြစ်ပါသည်။ အခြားသောသူများမှလည်း ကျွန်တော်တို့ မြန်မာများအမှားအယွင်းနည်းပါးစေရန်အတွက် အထောက် အကူဖြစ်စေမည့် Post များအားရေးသားနေခြင်းဖြစ်ရာ အခြားသူများ၏ Post များအား အားလပ်ချိန်များတွင် လိုက်လံဖတ်ရှုပေးကြပါဟု တိုက်တွန်းနှိုးဆော်ရင်းဖြင့် နိဂုံးချုပ်လိုက်ပါသည်။
Steemit တွင် ၀င်ရောက်လုပ်ကိုင်နေကြပါကုန်သော Myanmar Members အားလုံး အားလုံး အောင်မြင်ကြပါစေခင်ဗျာ.....
Success in Steemit
လေးစားစွာဖြင့်
Yours respectfully
ရေးသားသူ(Author) _
@ansoe (MSC 012)
Soe Naing
Myanmar Steemit Community 
15-12-2017 သောကြာနေ့(Friday)