ရိုးသားပါ မအပါနဲ့
ချစ်လှစွာသောမြန်မာစတီးမစ်မိသားစုဝင် အပေါင်းတို့ မင်္ဂလာပါခင်ဗျာ။
Mingalar par. My dear Myanmar steemians families.
သင်သည် အလွန်ရိုးဖြောင့်သူ၊ ရိုးသားသူတစ်ယောက်ဖြစ်နိုင်ပါတယ်။ လူတိုင်းကတော့ သင်ကဲ့သို့ ရိုးဖြောင့်သူ၊ ရိုးသားသူဖြစ်ချင်မှဖြစ်ကြပေမယ်။ ရိုးဖြောင့်ခြင်း၊ ရိုးသားခြင်းသည် လူတိုင်းအတွက်လိုအပ်သော အရည်အချင်းတစ်ရပ်လည်းဖြစ်ပါတယ်။ လူတိုင်းက ရိုးသားခြင်း ရှိနေပါက လူ့လောကကြီးသည် အေးချမ်းသာယာစွာနေထိုင်ကြမည်ပင်ဖြစ်ပါတယ်။ ဒါပေမယ့် ရိုးဖြောင့်လွန်းခြင်း၊ ရိုးသားလွန်းခြင်းကြောင့် ရိုးအခြင်းများကိုဖြစ်စေပါတယ်။ ရိုးအခြင်း နှင့် ရိုးသားခြင်းသည် တူသလိုလိုနဲ့ ကွဲပြားခြားနားတတ်ကြောင်း သတိပြုဆင်ခြင်နိုင်ပါတယ်။ ရိုးသားခြင်းသည် အခြင်းမဟုတ်ပါ။ ရိုးသားခြင်းတွင် အကျင့်စာရိတ္တပိုင်းဆိုင်ရာ မဖောက်ဖျက် လိုသောကြောင့် မဟုတ်မမှန်သောအလုပ်၊ မကောင်းသောအလုပ်တို့အား မလုပ်ကိုင်လိုကြ ခြင်းသာဖြစ်ပါတယ်။ ရိုးအခြင်းကတော့ ကောင်းခြင်း၊ မကောင်းခြင်းကိုပင်သေချာစွာ မခွဲခြား နိုင်တတ်ကြတဲ့အတွက် လူလည်တို့၏ အသုံးချခိုင်းစေခြင်းကို ခံကြရတတ်ပါတယ်။
Image from google
ရိုးသားခြင်းကို လူအများကတန်ဖိုးထားကြတယ်။ မြင့်မြတ်တဲ့ဂုဏ်ရည်တစ်ခုအဖြစ်သတ်မှတ် ထားကြပါတယ်။ ကျွန်တော်ကိုယ်တိုင်လည်း အဲဒီလိုပဲခံယူထားပါတယ်။ ရိုးသားခြင်းကို မနှစ်သက်သူ၊ မမြတ်နိုးသူမရှိလောက်ဖူးလို့လည်း ထင်ပါတယ်။ ဘယ်လောက်ပင်ဆိုးသွမ်းနေ တဲ့သူဖြစ်ပါစေ။ ရိုးသားခြင်းကိုတော့ မြတ်နိုးတတ်ကြမယ်ထင်ပါတယ်။ တန်ဖိုးထားကြမယ် ထင်ပါတယ်။ ရိုးသားခြင်းက လူ့လောကအသိုင်းအ၀ိုင်းအတွက် အရင်းအနှီးတစ်ခုလို့လည်း ထင်မှတ်ထားပါတယ်။ ဒါကြောင့်လည်း ရိုးသားခြင်းဂုဏ်ကို ပိုင်ဆိုင်နိုင်အောင် ငယ်စဉ်ကပင် ကြိုးစားခဲ့ပါတယ်။ ရနေပြီလား။ မရသေးဘူးလားဆိုတာကိုတော့ သေချာမသိသေးပါဘူး။ ရိုးသားခြင်းအတွက် စိတ်စွမ်းအားတွေအများကြီးလိုအပ်တယ်လို့လည်း ထင်ပါတယ်။ လူအများရှေ့တွင် ရိုးသားနေခြင်းက ရိုးသားခြင်း အစစ်အမှန်တစ်ခု မဖြစ်နိုင်ဘူးလို့ထင်ပါ တယ်။ လူအများရှေ့တွင်ဖြစ်စေ လူတစ်ယောက်မှမရှိသော ဆိတ်ကွယ်ရာမှာပဲဖြစ်စေ ရိုးသားနေမှသာ ရိုးသားခြင်းအစစ်အမှန်လို့ထင်ပါတယ်။ လူအများရှေ့တွင် ဟန်ဆောင်ကောင်းကောင်းဖြင့် ရိုးသားပြနေခြင်းသည် မကောင်းမှုဒုစရိုက်တစ်ခုလိုပင် ထင်မိပါတယ်။ လူအများရှေ့တွင် စိန်လက်စွတ်တစ်ကွင်းကောက်ရလို့ ပိုင်ရှင်ကိုပြန်ပေးခြင်း ထက် ဆိတ်ကွယ်ရာတွင် စိန်လက်စွပ်ကို ခိုးယူခြင်းမပြုတာက ရိုးသားခြင်းလို့ခေါ်ဆိုနိုင်မလား တော့မသိပါ။
Image from google
ရိုးသားသူအများစုသည် ဗဟုသုတအကြားအမြင် နည်းပါးခြင်းမရှိတတ်ပါ။ ရိုးအသူတို့သည် ကား အကြားအမြင်ဗဟုသုတနည်းပါးခြင်း အလွန်နည်းပါးကြပါသည်။ အကြားအမြင် ဗဟုသုတနည်းပါးသောကြောင့် လူလည်တို့၏ အလိမ်အညာများကို အလွယ်တကူခံကြရပါ တယ်။ လူလည်တို့၏ အသုံးချခြင်းကိုလည်း ခံကြရပါတယ်။ ရိုးသားသူတို့သည်လည်း တစ်ခါ တစ်ရံ လူလည်တို့၏ အသုံးချမှုကို ခံရတတ်ပါသေးသည်။ ရိုးသားသူဖြစ်ဖြစ် ရိုးအသူဖြစ်ဖြစ် အခြားသူများအား ကိုယ်ချင်းစာသနားတတ်သောစိတ်ဓာတ်ကြောင့် လိမ်လည်ခံရခြင်း၊ အသုံးချခံရခြင်းများ ရှိတတ်ကြပါတယ်။ ရိုးသားသူတို့ ငတုံးများဟု ကင်ပွန်းတတ်ကြပါသေး တယ်။ ရိုးသားသူတို့သည် မသိလို့ တုံးခြင်းမဟုတ်ပါ။ သံသရာအတွက် တုံးခြင်းဖြစ်သည်ကို လူလည်တို့မသိနိုင်ခဲ့ပါချေ။ တစ်ဘ၀စံစားပြီး သံသရာတွင် ခံစားရမယ့် ဒုက္ခကို မခံစားလို သောကြောင့်သာ တုံးနေကြခြင်းဖြစ်ပါမယ်။ ဒီအတွေးတွေအားလုံးက စိတ်တွင်ပေါ်လာသော ကျွန်တော်၏ ယူဆချက်၊ ထင်မြင်ချက်တို့သာဖြစ်ပါတယ်။ မှားချင်လည်းမှားနိုင်ပါတယ်။ မှန်သည်ဟုတော့ မဆိုလိုပါ။ သဘောထားတိုက်ဆိုင်မှုမရှိပါကလည်း ငြင်းခုံရန် ဆန္ဒမရှိပါ။
Image from google
ရိုးသားခြင်းက ဂုဏ်ရှိပါတယ်။ ရိုးအခြင်းကတော့ မည်သည့်ဂုဏ်မျှ မရှိပါ။ ရိုးသားခြင်းဆိုတာ နုံအခြင်း မဟုတ်ပါ။ အသိပညာမဲ့ခြင်းမဟုတ်ပါ။ မြင်မြင်သမျှ ပစ္စည်းဥစ္စာများ လိုချင်တပ်မက်ခြင်းမှ ကင်းလွတ်နေပါတယ်။ မရထိုက်တဲ့အခွင့်ထူး မရသင့်တဲ့ အခွင့်ထူးတွေကိုလည်း နားလည်ကြပါတယ်။ ပိုင်ဆိုင်သင့်တဲ့ပစ္စည်း၊ မပိုင်ဆိုင်သင့်တဲ့ပစ္စည်း ခွဲခြားသိကြပါတယ်။ ရိုးသားခြင်းဂုဏ်ရရှိရန် အလွန်ပင်မလွယ်ကူပါ။ မိမိတို့၏ မကောင်းသော စိတ်တို့အား ချိုးနှိမ်နိုင်တဲ့ စိတ်ဓာတ်စွမ်းအားတွေလည်း လိုအပ်မှာဖြစ်ပါတယ်။ ထိုသို့ ရိုးသား လိုက်ခြင်းကြောင့် ဖြစ်ပေါ်လာမဲ့အကြောင်းတရားတွေကိုလည်း ရင်ဆိုင်ရဲသောသတ္တိလည်း လိုပါတယ်။ မိမိတို့၏ ရိုးသားခြင်း၊ မရိုးသားခြင်းကို အခြားမည်သူမျှမသိပဲနေချင်နေပါလိမ့်မယ်။ ဒါပေမယ့် မိမိကိုယ်တိုင်ကတော့ အမြဲတမ်း သိနေမှာဖြစ်ပါတယ်။ ခိုးယူခြင်း၊ လိမ်လည်ခြင်း၊ မရိုးသားခြင်း တို့ကို အခြားသူများ အလွယ်တကူမမြင်နိုင်သော်လည်း မိမိစိတ်ကတော့ အမြဲ သိနေမှာဖြစ်တဲ့အတွက် မိမိတို့၏ လိပ်ပြာသန့် မသန့်စဉ်းစားကြပါ။ ထိုသို့ မရိုးသားခြင်းတို့က အားနည်းနေသောအချိန် ကံဇာတာနိမ့်ပါးနေချိန်တွင် မိမိတို့စိတ်အား ပြန်လည်နှိပ်စက် တတ်တယ်။ သံသရာခရီးမှာလည်း မကောင်းသောအရပ်ဒေသတို့တွင် ဖြစ်ရတတ်တယ်။ လောကနီတိမှာ “လူမိုက်သည် သူပြုခဲ့သော မကောင်းမှုများ အကျိုးမပေးသေးသမျှ အကုသိုလ်ကို ပျားရည်ဟုတွေးထင်တတ်သည်။ သူပြုသောမကောင်းမှုများကြောင့် ဆိုးကျိုးများကျရောက်ချိန်တွင်မူ ဆင်းရဲဒုက္ခရောက်ရတော့သည်” ဟုရေးသားထားသည်ကို မှတ်သားဖူးပါတယ်။
Image from google
လူမိုက်လို့ဆိုတဲ့နေရာမှာ ပညာမဲ့ခြင်းကို ပြောလိုခြင်းဖြစ်မယ်ထင်ပါတယ်။ ဒါကြောင့် ရိုးသားခြင်းဟာ ဂုဏ်ယူစရာ ဂုဏ်ထူးဆောင်လက်မှတ် တစ်ခုဖြစ်ပေမယ့် ရိုးအခြင်း ကတော့ ဘာမှ အသုံးမကျသည့်အပြင် လူလိမ် လူကောက်တို့၏ အသုံးချခြင်းကို ခံရကာ ဒုက္ခ ရောက်နိုင်ပါတယ်။ ဒီတော့ ရိုးသားပါ။ ဒါပေမယ့် မအပါနဲ့ လို့ရေးသားရင်း ရပ်နားလိုက်ပါတယ်။
Success in Steemit အောင်မြင်ကြပါစေဗျာ.....
လေးစားစွာဖြင့်
Yours respectfully
ရေးသားသူ(Author) _
@ansoe (MSC 012)
Soe Naing
Myanmar Steemit Community 
28-Mar-2018 ဗုဒ္ဓဟူးနေ့(Wednesday)