ရွာမှဖုန်းဆိုင်

"အစ်​ကိုလုပ်​​ပေးပါအုန်း​ဗျာ....
"ဘာလုပ်​​ပေးရမှာလဲ​ဗျ...
"ဘလပ်​​လေဘယ်​လုပ်​​ပေးပါ​ဗျာ...
"ဂွီ်​...ဘလပ်​​လေဘယ်​ ကလုပ်​ရ​တာမဟုတ်​ဘူး​သောက်​ရတာ​ညေး...
မြို့မှာဆိုဖုန်းပြင်​တဲ့ဆိုင်​​တွေက​ပေါတယ်​​လေ..သူ့ဆိုင်​ကိုယ့်​ဆိုင်​သူ့မိတ်​ကိုယ့်​မိတ်​နဲ့ဆို​တော့ကို​တွေဆိုင်​အသစ်​ဖွင့်​တဲ့​ကောင်​​တွေအတွက်​မစားသာဘူး​လေ...
အဲ့​တော့ဖုန်းဆိုင်​ရှားတဲ့​တောရွာ​လေးတစ်​ခုမှာဖုန်းပြင်​ဆိုင်​​လေးလာဖွင့်​​တာအစပိုင်းက​တော့အဆင်​​ပြေတယ်​..​နောက်​​တော့ဒုက္ခနဲ့လှလှနဲ့​ကို​တွေ့​ရော...
"မဟုတ်​ဘူး​ဗျ..အဲ့ဖုန်းကအရမ်း​ခေါ်​လို့...
"Black List လုပ်​မို့လား...
"ဟုတ်​အဲ့လစ်​...
ဖွီ...Black List ကိုများဘလပ်​​လေဘယ်​ တဲ့...
"အဲ့မှာသရဖီထည်းမှာရှိတယ်​​ဗျာ..
"ဘာလဲ​ဗျသရဖီ...
"သူ​ခေါ်ထားတာ​တွေကိုစခွန်​​လျော့ ရိုက်​ထားတာ...
"လာပြန်​ပြီစခွန်​​လျော့...မသိဘူး​ဗျ...
"​ဘောလုံး နဲ့ ပါဝါ တွဲရိုက်​ရတာ​လေ​ဗျာ...
"​အော်​ ... Screen Shot လား...
"​အေးအာ့...
"အာ့ကဘယ်​ထည်းမှာ...
"သရဖီထည်းမှာ...
"Gallery ​လောက်​​တော့လုပ်​...
"ခင်​​ဗျား​ပြောတဲ့လာရီ​ဗျာ...
"ဟုတ်​ဘယ်​ဖုန်းကိုလုပ်​ရမှာလဲ​ဗျ...
"အဲ့မှာ​ဗျာ.. 4242 ဆိုတဲ့နံပတ်​...
"ဟမ်​...
"ဟုတ်​တယ်​​ဗျာဘယ်​​က​ကောင်​မ​လေးလဲမသိဘူး...
"ဟာ...
"မ​နေ့ကမိန်းမကကိုင်​လိုက်​လို့ပြသနာတတ်​​သေးတယ်​....
"ကျွတ်​...အာ့ Call Canter က​ခေါ်တာ​ဗျ...
"ကျွန်​​တော်​သူ့ကိုမ​ခေါ်ထားဘူး....
"အမ်​ခ​ဗျားမ​ခေါ်လဲ Call Canter ကအ​ကြောင်းရှိလို့​ခေါ်တာ​ပေါ့​ဗျ...
"အ​ကြောင်းရှိရ​အောင်​သူနဲ့ကမရင်းနှီးဘူး​လေ...
"ကျစ်​..ရင်းနှီးစရာမလိုပု​လေ​ဗျာ...
"ကျွန်​​တော်​သူ့နာမည်​ကို​တောင်​ခုခင်​​ဗျား​ပြောမှသိတာ...
"ဟမ်​...
"နာမည်​ကြီးက​ခေါ်လို့လဲမ​ကောင်းပု...​ဂေါ်ဇင်​တာ..
"Call Canter ပါ​ဗျာ...
"ဟုတ်​တယ်​အာ့တာ...
"ဟုတ်​ Black List လုပ်​​ပေးလိုက်​မယ်​​နော်​...
"​ကျေးဇူးပါ​ဗျာ...
"ဟုတ်​ရပါ​တယ်​...
"ဘယ်​​လောက်​ကျလဲ​ဗျ...
"နစ်​​ထောင်​​ညေး...
"တန်​တယ်​​ဗျာ...
ပိုက်​​ဆံနစ်​​ထောင်​​ပေးပြီးဆိုင်​ကယ်​​လေး​မောင်းပြီးပြန်​ထွက်​သွားတယ်​...
ရွာမှာလုပ်​စားကိုင်​စားရ​တာအဲ့ဒါ​တွေအ​ဆင်​​ပြေတာ​လေဟဲဟဲ...

"ဘဒို...
"ငှယ်​...
လာပြန်​ပြီတစ်​​ယောက်​..မျက်​နာကနိုင်​လူမျက်​နာကိုချွတ်​ပြီးစွတ်​ထားတဲ့ရုပ်​လက်​မှာလဲဘယ်​​က​ကောက်​ထားတဲ့အကွင်း​တွေလဲမသိဘူးအစုံနားကြပ်​ကတပ်​ထား​သေးတယ်​...
"ဟုတ်​​ညေး...
"မြုတ်​ဆက်​ ထည့်​မယ်​...
"ငှယ်​...မြုတ်​ဆက်​မထည့်​ဘူး​ညေး..အရက်​ပျံ​တွေဘာ​တွေ​တော့အနာဖြစ်​ရင်​ထည့်​တယ်​...
"ကျစ်​...အာ့ကို​ပြောတာမဟုတ်​ပု​လေ​ဗျာ...
"ဘာကို​ပြောတာလဲ...
"ဂီတ..ဂီတ..ကိုအင်္ဂလိပ်​လို​ပြောတာ..မြုတ်​ဆက်​...
"ဟမ်​..ဟုတ်​လား...
"ဖုန်းဆိုင်​ဖွင့်​ပြီးဒါ​တောင်​မသိပုတဲ့..ခွီ...
တောက်​...သူ​ပြောတဲ့စပီကင်​ကလူနားလည်​​အောင်​မ​ပြောပဲနဲ့ကိုယ့်​ပါလာခွီ​နေတာ..ရွာမှာအမျိုးမ​တောင့်​လို့အမျိုး​တောင့်​ရင်​ဆိုင်​​ရှေ့ထွက်​ပြီးစခွက်​ရိုက်​တယ်​...
"ဘာသီချင်းထည့်​မှာလဲဘဒို...
"ဒုံးပိုင်​ရှိလား...
"ဒုံးပိုင်​မရှိဘူး​ညေး...ပိုင်​ပိုင်​အငြိမ့်​​တော့ရှိတယ်​...
"ဟာဘဒိုဟာသပဲ..ရီရတယ်​​နော်​...
"ဒုံးပိုင်​မကြားဖူးလို့ပါ​ဗျာ...
"ကျစ်​...Rap အမြန်​ရွတ်​တဲ့​ကောင်​​လေ...
"​အော်​...လွှမ်းပိုင်​လား...
"ဟု​ဒေ..အာ့​ကောင်​..
ထွီး..လွှမ်းပိုင်​ကိုများ ဒုံးပိုင်​တဲ့လူ​ပြောတာလဲမှား​သေးတယ်​ကိုယ့်​ကိုပါဟာသပဲတဲ့​တော်​​တော်​လက်​​ပေါက်​ကပ်​တဲ့လူ...
"အာ့ပဲလား​ညေး...
"​အောင်​နက်​တစ်​​ခွေပါထည့်​ပဲ...
"အယ်​..​အောင်​နက်​အ​ခွေမရှိဘူး​ဗျ..ခြင်​​ဆေး​ခွေပဲရှိတယ်​...
"ကျစ်​...သီချင်းဆိုတဲ့​အောင်​နက်​ကို​ပြောတာ...
"အမ်​...မကြားဖူး​ပေါင်​....
"မဟာ..မဟာ..မဟာ..ဆိုပြီးဆိုတာ​လေ​ဗျာ...
"ဟာ​ဗျာ..​အောင်​ထက်​ပါ...
"​အေးအာ့​ကောင်​သီချင်းထည့်​​ပေး...
"ဟုတ်​ပြီး​တော့​ကော..
"ဂျီးဖတ်​..ရှိလား...
"မရှိပါပု​ဗျ..​ရေချိုးထားတာ...
"အာ့ဘဒိုဟာသပဲ​ရေချိုးထားတာကိုလာ​ပြော​နေတယ်​...
"ခင်​​ဗျားပဲဂျီးဖတ်​ဆို...
"ကျစ်​..အာလုတ်​ သံနဲ့သီချင်းဆိုတဲ့အဆို​တော်​​ကို​ပြောတာ..
"G-Fatt ပါ​ဗျာ...
"အဲ့အာ့ထည့်​​ပေး....
"ဟုတ်​ပြီး​တော့​ကော...
"ဟိုသီချင်းထည့်​​ပေး...
"ဘယ်​သီချင်းလဲ...
"ဆိုပြမယ်​...
"ဟုတ်​...
"အွန်​ညာစကွန်​တာ​ဘေးဘစ်​..ဘာညာသရာကာခ​ရေး​ဇေ...အဲ့သီချင်း...
"ဟမ်​..ဘာဆိုလိုက်​တာလဲ...
"အင်္ဂလိပ်​လိုဆိုတာ​လေ...
"ပြန်​ဆိုပြပါလား...
"ကျစ်​..ဆိုပြမယ်​...
"အု..
"အွန်​ညာစကွန်​တာ​ဘေးဘစ်​..ဘာညာသရာကာခ​ရေး​ဇေ...
"ရပြီရပြီ...
"ဟုတ်​...
"ပိုင်​​​ဇေရဲထွန်းနဲ့ဖိုးလပြည့်​သရုပ်​​ဆောင်​ထားတာမလား...
"ဟုတ်​​ဒေ..အာ့အာ့...
"အွင်း..ဒါပဲလား...
"ဟုတ်​...
"ခန​စောင့်​...
ဟိုလူကိုအ​ရှေ့မှာ​စောင့်​ခိုင်းပြီးသီချင်းထည့်​​ပေးလိုက်​တယ်​..
"ရပြီ​ညေး...
"ဘယ်​​လောက်​ကျလဲ...
"တစ်​​ထောင်​ပဲ​ပေး...
"တန်​တယ်​​ဗျာ..​နောက်​လာထည့်​အုန်းမယ်​...
"အု..
တန်​တယ်​ဟု​ပြောတာပိုက်​ဆံတစ်​​ထောင်​​ကောက်​ထည့်​​ပေးပြီးနားကြပ်​ထည့်​ကာ​ခေါင်းတငြိမ်​ငြိမ်​နဲ့လှည့်​ထွက်​သွားတယ်​...
ဆိုင်​ဝ​ရောက်​​တော့သီချင်း​တောင်​​အော်​ဆိုလိုက်​​သေးတယ်​​ဗျ...
အ​မေနဲ့ရွာကိုသား​မောင်​လွမ်းတယ်​ တဲ့...😢😢😢
#credit
#ကွီး​စောက်​​ကြောတင်း
Pyae Sone Ko Ko