ဇက်ကြောတက်ရောဂါ (Neck Pain)

ကျန်းမာခြင်းသည် လာဘ်ကြီးတစ်ပါး။

The greatest wealth is health.

ကျန်းမာခြင်းသည် ချမ်းသာခြင်းထက် ပိုမိုကောင်းမွန်ပါသည်။

Heath is the better than wealth.

ကာကွယ်ခြင်းသည် ကုသခြင်းထက်ပိုကောင်းပါ၏။

Prevention is better than cure.


ချစ်လှစွာသောမြန်မာစတီးမစ်မိသားစုဝင် အပေါင်းတို့ မင်္ဂလာပါခင်ဗျာ။

Mingalar par. My dear Myanmar steemians families.


Neck pain copy.png

Image from google


ကျန်းမာရေးနှင့်ပတ်သက်သည့် အကြောင်းအရာလေးတစ်ခု၊ အမြဲတမ်းလိုလိုမြင်တွေ့နေကြရသည့် ဝေဒနာလေး တစ်မျိုးအကြောင်းကို ရေးသားလိုက်ပါသည်။ ကျွန်တော်တို့ပတ်ဝန်းကျင်တွင် မကြာခဏမြင်တွေ့ ကြားသိနေရတတ်သော ဝေဒနာတစ်ခုမှာဇက်ကြောတက်ခြင်း ဖြစ်ပါသည်။ လူအတော်များများကတော့ ဇက်ကြောတက်ဖူးကြမည်ထင်ပါသည်။ ဇက်ကြာတက်ခြင်းသည် အချိန်ရာသီမရွေး၊ လူကြီး လူငယ် ကျား မ မရွေး ဖြစ်တတ်သောသဘာဝရှိပါသည်။ ကျွန်တော်ကိုယ်တိုင် နေ့စဉ်မဟုတ်သော်လည်း မကြာခဏ ဇက်ကြောတက်ခြင်းနှင့် နပန်းလုံးနေရပါသည်။ ထို့ကြောင့်ကျွန်တော်ကဲ့သို့ သော ဇက်ကြောတက်တတ်သောသူများအတွက် ကျန်းမာရေးဗဟုသုတ ရရှိစေရန်အတွက် ရည်ရွယ်ခြင်းလည်းဖြစ်ပါသည်။ ထိုသို့ဇက်ကြောတက်လာလျှင်လည်း နေထိုင်မကောင်းဖြစ်တတ်ကြပါသည်။ ထိုသို့ဖြစ်လာလျှင် ပရုပ်ဆီ သို့မဟုတ် အခြားသောလိမ်းဆေး တစ်မျိုးမျိုးဖြင့် ကိုယ်တိုင်ဖြစ်စေ၊ အခြားသူတစ်ယောက်ကိုဖြစ်စေ လိမ်းပြီးနှိပ်နယ်ပေးကြပါသည်။ သက်သာ ပျောက်ကင်းသွားကြသူများရှိသကဲ့သို့ မသက်သာ မပျောက်ကင်းကြသူများလည်း ရှိကြမည်ထင်ပါသည်။ ထိုသို့သောအကြောင်းကြောင့် ဇက်ကြောတက်ခြင်းအကြောင်း၊ ကာကွယ်ခြင်း နှင့် လေ့ကျင့်ခန်းများပြုလုပ်ခြင်းဖြင့် ကာကွယ်ခြင်းများအကြောင်းကို သိသမျှကို ဗဟုတမျှဝေလိုက်ပါသည်။


Neck pain 2.png

Image from google


အဘယ်သို့သောလူများ၊ အဘယ်အလုပ်ကိုလုပ်ကိုင်အသက်မွေးမြူနေကြသူများတွင် ဇက်ကြောတက်ခြင်း၊ ဇက်ကြောညောင်းညာခြင်း၊ လည်ပင်းနာခြင်းများဖြစ်တတ်ပါသနည်း။ အများအားဖြင့် လည်ပင်း၊ ဂုတ် တို့အား တာရှည်စွာ ငုံ့ပြီး အလုပ်လုပ်ကြရသူများတွင် ဇက်ကြောတက်ခြင်းဝေဒနာကို ခံစားကြတတ်ပါသည်။ စိတ်အာရုံစူးစိုက်ပြီး လုပ်ကိုင်ကြသော အလုပ်များဖြစ်ကြသည့် ကွန်ပျူတာကို ကြာရှည်စွာ အသုံးပြုသူများ၊ မိုဘိုင်းဖုန်းများကို ကြာရှည်စွာအသုံးပြုသူများ၊ စာရေးခြင်းအလုပ်များ၊ စာဖတ်ခြင်း၊ စာရင်းကိုင်အလုပ် လုပ်ကိုင်နေသူများ၊ ဇာတိုး ပန်းထိုးခြင်း၊ စက်ချုပ်ခြင်း စသည့်ခေါင်းကို အချိန်ကြာမြင့်စွာငုံ့ပြီး အလုပ်လုပ်ကြသူများတွင် ဇက်ကြောတက်ခြင်းဝေဒနာကို မကြာခဏခံစားကြရတတ်ပါသည်။ လေးလံသော ပစ္စည်းများကို အချိန်ကြာမြင့်စွာ ခေါင်းပေါ်တင် ခေါင်းပေါ်ရွက်ခြင်း၊ မိမိတို့၏လက်မှာ လေးပင်သောအရာဝတ္တုများကို အချိန်ကြာမြင့်စွာ ဆွဲကိုင်ထားရခြင်းတို့ကြောင့်လည်း လည်ပင်းနာခြင်း၊ ဇက်ကြောညောင်းခြင်း၊ ဇက်ကြောတက်ခြင်းများဖြစ်တတ်ပါသေးသည်။ ခေါင်းကို အချိန်ကြာမြင့်စွာ ငုံ့ထားခြင်းသည် ဇက်ကြောတက်၊ ဇက်ညောင်း၊ လည်ပင်းနာရခြင်း၏ အဓိကအခြေခံအကြောင်းတရားဖြစ်ပါသည်။ အလုပ်များကို တရစပ်လုပ်ကိုင်ခြင်းဖြင့်လည်း ဇက်ကြောတက်ခြင်းကို ခံစားရတတ်ပေသေးသည်။ ခေါင်းကို အချိန်ကြာမြင့်စွာ မော့ထားလျှင်လည်း ဇက်ကြောတက်၊ ဇက်ညောင်း၊ လည်ပင်းနာ ဖြစ်တတ်ပါသေး သည်။ ဥပမာအားဖြင့်ဆိုရသော် မိမိအရပ်နှင့် မမီသောနေရာကို အချိန်ကြာမြင့်စွာ ခေါင်းကိုမော့ပြီး ဖုန်သုတ်ခြင်း၊ ဆေးကြောပွတ်တိုက်ခြင်းဖြင့် ဇက်ကြောတက်ခြင်း၊ ဇက်ညောင်းခြင်း၊ လည်ပင်းနာခြင်းဖြစ်တတ်ပါသည်။


phone.png

Image from google


ရှေးယခင်ကမူ ဇက်ကြောတက်ခြင်းကို အထိုင်များသောသူများတွင်သာဖြစ်လေ့ရှိသော်လည်း ယခုအခါကာလတွင် မူ လူငယ်လေးများမှစတင်ကာ ဇက်ကြောတက်နေတတ်ကြပေသည်။ အဘယ့်ကြောင့်ထိုကဲ့သို့ ငယ်ရွယ်သူများတွင်ပါ ဇက်ကြောတက်ရောဂါဖြစ်နေရသနည်း။ အဖြေကလည်းရှင်းလင်းသိမြင်နိုင်ကြမည်ထင်ပါ သည်။ အဓိကအားဖြင့် မိုဘိုင်းဖုန်းများကို အချိန်ကြာမြင့်စွာ ခေါင်းငုံ့ကြည့်ရှုမိသောကြောင့်ဖြစ်သောကြောင့်ပါပေ။ ထိုသို့ပြောသဖြင့် မိုဘိုင်းဖုန်းမကိုင်ရဟုဆိုလိုခြင်းမဟုတ်ကြောင်းကိုတော့ သိထားကြစေချင်ပါသည်။ အချိန်များစွာ ဖုန်းကို ကြည့်ရှု့ခြင်းဖြင့် ဇက်ကြောတက်ခြင်းသာမက၊ မျက်စိအာရုံကြောများလည်းထိခိုက်တတ်ကြောင်းကို ကျန်းမာရေးအသိပညာပေးများတွင် အလွယ်တကူဖတ်ရှုနိုင်ကြပါသော်လည်း စာဖတ်သောအလေ့အထသည် လည်း ယနေ့ခေတ်လူငယ်များအကြား ပျောက်ကွယ်နေသလောက်ဖြစ်နေပေသည်။ စာဖတ်သည်ဟုဆိုလျှင်လည်း စာဆိုသည်မှာ ဂျာနယ် နှင့် ၀တ္ထုစာအုပ်လောက်ကိုပြောပြီး စာဖတ်ပါသည်ဟုဆိုရမလောက်ပါပင်။ စာကြီးပေကြီးများသည် သူတို့နှင့်ဘာမှမသက်ဆိုင်သကဲ့သို့ ထင်မြင်မှတ်ယူနေသည်လားမသိတော့ပါ။ စာအုပ်နှင့် လူငယ်များအကြောင်းကိုတော့ နောက်ကြုံလျှင်ရေးသားပါဦးမည်။ ယခုတော့ ဇက်ကြောတက်ခြင်းကိုရှေ့ဆက်ပါ ဦးမည်။


glass.png

Image from google


ဇက်ကြောတက်ခြင်းကို မည်ကဲ့သို့ကာကွယ်လိုက်နာကျင့်သုံးသင့်ပါသနည်း။ အကြံပြုလိုသည်မှာ ထိုကဲ့သို့ ဇက်ကြောညောင်း၊ ဇက်ကြောတက်၊ လည်ပင်းညောင်းခြင်းမဖြစ်စေရန်အတွက် မိမိတို့ကိုယ်တိုင်က ဂရုတစိုက် ပြုလုပ်မည်ဖြစ်ပါသည်။ ခေါင်းကို အချိန်ကြာမြင့်စွာ ငုံ့ပြီး အလုပ်မလုပ်မိကြစေရန်နှင့် လေးလံသောပစ္စည်းများကို အချိန်ကြာမြင့်စွာရွက်ထားခြင်း၊ လက်မှ ဆွဲထားခြင်းမပြုလုပ်ကြရန် အထူးသတိပြုဆင်ခြင်ရန်လိုအပ်ပါသည်။ အဘယ်ကြောင့် သတိပြုဆင်ခြင်ခိုင်းနေရပါသလဲဆိုပါက ဇက်ကြောတက်ခြင်း၏ နောက်ဆက်တွဲရောဂါများ ဖြစ်ပေါ်လာတတ်သောကြောင့်ဖြစ်ပါသည်။ နောက်ဆက်တွဲရောဂါအနေဖြင့် ကုတ်ကျီးပေါင်းတက်ခြင်း နှင့် မျက်စိ အာရုံကြောများ အားနည်းခြင်းတို့ကို ဆက်လက်ဖြစ်ပေါ်နိုင်သောကြောင့်ဖြစ်ပေသည်။ ထို့ကြောင့် မိမိတို့ကိုယ်တိုင်ပင်ဖြစ်စေ၊ မိမိနှင့်သက်ဆိုင်ရာ ပတ်ဝန်းကျင်တွင်ဖြစ်စေ၊ မိမိတို့၏ရင်သွေးငယ်များကိုဖြစ်စေ ခေါင်းငုံ့ခြင်းအလုပ်ကို အချိန်ကြာမြင့်စွာလုပ်ကိုင်နေသည်ကို မြင်တွေ့ပါက သတိပေးပြောကြားပေးခြင်းဖြင့် ဇက်ကြောတက်ခြင်းကို သတိပြုဆင်ခြင်နိုင်ကြပေမည်။ ဇက်ကြောတက်ခြင်းကို ဖြစ်စေတတ်သောအခြား အကြောင်းရင်းတစ်ခုသည်ကား ၀မ်းအလွန်အမင်းချုပ်ခြင်းပင်ဖြစ်ပေသည်။ ထို့ကြောင့် ၀မ်းမချုပ်စေရန်အတွက် လည်း ဂရုစိုက်သင့်ပါသည်။ မိမိတို့ရင်သွေးများအား အလိုလိုက်ပြီး မိုဘိုင်းဖုန်းများအားဝယ်ပေးသဖြင့် ရင်သွေးများ အား အချိန်ကြာမြင့်စွာ ခေါင်းငုံ့ကာ ဂိမ်းကစားခြင်း၊ အခြားသော social media များအသုံးပြုခြင်းဖြင့် ရောဂါရနိုင် ကြောင်းကို သတိပြုဆင်ခြင်အပ်ပေသည်။ မိုဘိုင်းဖုန်းဝယ်ပေးခြင်းသည် ရောဂါကို ၀ယ်ပေးလိုက်ခြင်းနှင့် တူနေမည်ဖြစ်ကြောင်းကိုလည်း သတိပြုဆင်ခြင်အပ်ပေသည်။ ယနေ့ ရုံးတစ်ရုံးသို့ရောက်သွားရာ ကျောင်းဆင်းချိန်ဖြစ်သဖြင့် မိမိတို့၏ ရင်သွေးငယ်များအား ကြိုပြီး ရုံးသို့ခေါ်ဆောင်လာရာကြရာတွင် ငါးတန်းကျောင်းသားအရွယ် ယောက်ျားလေးတစ်ယောက်ကို မျက်မှန်ကလေးနှင့်တွေ့လိုက်သဖြင့် မေးကြည့်မိရာ တီဗီ နှင့် ဖုန်းဖြင့် ဂိမ်းကစားသဖြင့်ဟု သိရှိရပါသည်။ မိမိက ကလေးအား ကြည့်ကာ ၀မ်းနည်းစရာဟုထင်မိသော်လည်း မိဘဖြစ်သူကတော့ ဘာမှမဖြစ်သလိုလိုနှင့်သာပါ။ အသက်ငယ်ငယ်သာရှိသေးသောကလေးလေးတွင် ဆက်လက်ပြီး မျက်စိနှင့် လည်ပင်းအား ဂရုမစိုက် ပစ်ထားပါက နောက်ဆက်တွဲရောဂါများ သေချာပေါက်နီးပါး ဖြစ်တော့မည်မှာလည်း သေချာနေပါသည်။


ဂုတ်ကြီးပေါင်းရောဂါနှင့်ပတ်သက်ပြီး ကျွန်တော်ရေးသားထားသော Post အား ဖတ်ရှုလိုပါက နှိပ်ပါ။ ဗဟုသုတအနေဖြင့်သာရေးသား ထားခြင်းဖြစ်ပါသည်။


ဇတ်ကြောတက်ခြင်းကိုကာကွယ်ရန်အတွက် လမ်းလျှောက်ပေးခြင်းသည်လည်း လွယ်ကူပြီး ကျန်းမာရေးနှင့် ညီညွတ်ပေသည်။ အလုပ်မှအပြန်တွင် လမ်းလျောက်ပေးခြင်း၊ အားလပ်ချိန်တွင် လမ်းလျောက်ပေးခြင်း၊ ရေကူးတတ်ပါက ရေးကူးခြင်း တို့ဖြင့် မိမိ တို့၏ ကျန်းမာရေးကို မြှင့်တင်ရာရောက်ပေသည်။ ရှေးအခါက စာပေသင်ကြားနေကြသောရဟန်းတော်များသည် ဇက်ကြောတက်ခြင်းအဖြစ်များကြကြောင်းကို သိရှိရပါသည်။ ထို့ကြောင့်လည်းကာကွယ်ရေးအနေဖြင့် ခြေကျင် ဆွမ်းခံကြွစေခြင်းဖြစ်ကြောင်းကို စာအုပ်တစ်အုပ်ထဲတွင်ဖတ်ဖူးပါသည်။ အစားအသောက်အနေဖြင့် ဇက်ကြောတက်တတ်သူများသည် အသီးအရွက်များနှင့် ငါးကို ပိုမိုစာသုံးသင့်ကြောင်း ကျန်းမာရေးစာစောင်များတွင် ဖတ်ရှုဖူးပါသည်။ အချိုရည်များနှင့် ချိုဆိမ့်အီတတ်သောအစားအစာများကိုလည်း ရှောင်ကြဉ်သင့်ကြောင်းလည်း မှတ်သားရပါသည်။


18 Exercises for Neck Pain

Video from You Tube


လေ့ကျင့်ခန်းအနေဖြင့် လမ်းလျောက်ခြင်း၊ ခေါင်းနှင့်သက်ဆိုင်သောလေ့ကျင့်ခန်းများပုံမှန်ပြုလုပ်ပေးသင့်ပါသည်။ မလှုပ်မရှားရောဂါပွား တတ်သကဲ့သို့ ကိုယ်လက်လှုပ်ရှားခြင်း ဆေးတစ်ပါး ဖြစ်ကြောင်းကိုလည်း သတိပြု ဆင်ခြင်နိုင်ကြပါစေ။ ဇက်ကြောတက်ခြင်းအား သတိမမူ ပစ်ထားခဲ့ပါမူ နောက်ဆက်တွဲအဖြစ် ဇက်ကျီးပေါင်းတက်လျှင် ပိုမိုပြီး ကျန်းမာရေးဆိုးရွားနိုင်ပါသည်။ ဖတ်မိဖူးသော ဆေးနည်းတိုအချို့အား ဖော်ပြပေးလိုက်ပါသည်။


Neck Pain Relief Stretches & Exercises - Ask Doctor Jo

Video from You Tube


ဇက်ကြောတက်ခြင်းအား သက်သာစေရန်အတွက် အိပ်ယာထမျက်နှာသစ်ချိန်တွင် လက်ခုပ်ဖြင့်ရေကိုယူပြီး ဇက်ပိုးအား ရိုက်ပေးပါက သက်သာသည်ဟုဆိုကြပါသည်။ ကွမ်းရွက်အား မီးကင်ပြီး ဇက်ကြောတွင် ကပ်ပေးခြင်း၊ အားလူးကို ပါးပါးလှီးပြီး ဇက်ကြောတွင်ကပ်ပေးခြင်း၊ ဗာဒံ(ဗန်ဒါ)ရွက်အား မီးကင်ပြီး ဇက်ကြောတက်သည့် နေရာတွင်ကပ်ပေးခြင်း၊ ကြေးဇွန်းကို မီးကင်ပြီးဇက်ကြောတက်သည့်နေရာတွင်ဖိကပ်ပေးခြင်း(ကြေးဇွန်းသည် ယခုခေတ်တွင် ရှားပါးနေပြီဖြစ်ပါသည်)တို့ဖြင့် ဇက်ကြောတက်ခြင်းကို သက်သာစေသည်ဟုဆိုကြောင်း ဆေးနည်း တိုများတွင် ဖတ်ဖူး မှတ်ဖူးခဲ့ပါသည်။ မြန်မာ့ရိုးရာဆေးနည်းများလည်း အလွန်အစွမ်းထက်ကြသည်ကို တွေ့မြင်ဖူး ပါသည်။ ယခုကဲ့သို့ ပြောရခြင်းသည် အချို့သောလူများသည် မြန်မာ့ရိုးရာဆေးများကို အထင်သေးတတ်ကြသော ကြောင့်ဖြစ်ပါသည်။


ဇက်ကြောတက်သူများအတွက်ဆင်ခြင်စရာများ ဗဟုသုတကို မြန်မာလိုဖတ်ရှုလိုပါက နှိပ်ပါ


ဇက်ကြောတက်ကိုသဘာဝနည်းလမ်းဖြင့်ကုသနည်းကို မြန်မာလို ဖတ်ရှုလိုပါကနှိပ်ပါ


အချုပ်အားဖြင့်ဆိုရသော် ဇက်ကြောတက်ခြင်းအား ကာကွယ်နိုင်ရန်အတွက် ကွန်ပျူတာ၊ မိုဘိုင်းဖုန်း၊ စာကြည့်ခြင်း၊ စာရေးခြင်း စသည့် မျက်စိကိုအသုံးပြုပြီး အချိန်ကြာမြင့်စွာ ခေါင်းငုံ့ အလုပ်လုပ်ရသည့် အလုပ်များကို သတိဖြင့်ဆင်ခြင်လုပ်ကိုင်ကြပါ။ ၀မ်းချုပ်မှုမဖြစ်ကြစေရန်ဂရုစိုက်ကြပါ။ လေ့ကျင့်ခန်းအနေဖြင့် အကောင်းဆုံးက ပေါ့ပါးသက်သာသော လမ်းလျောက်ခြင်းလေ့ကျင့်ခန်းများ၊ ခေါင်းလေ့ကျင့်ခန်းများအား အစဉ်အမြဲ ပြုလုပ်ကြပါရန် နှင့် ဇက်ကြောတက်ခြင်း မှ ဇက်ကျီးပေါင်းသို့ မကူးပြောင်းစေရန်မှာ မိမိကိုယ်တိုင်က ပြုပြင်ခြင်း၊ လေ့ကျင့်ခန်းလုပ်ခြင်းဖြင့်သာကာကွယ်နိုင်ပါမည်ဟု တိုက်တွန်းနှိုးဆော်ရင်းဖြင့် ဆောင်းပါးအား နိဂုံးချုပ်လိုက်ပါသည်ခင်ဗျာ။


Steemit တွင် ၀င်ရောက်လုပ်ကိုင်နေကြပါကုန်သော Myanmar Members အားလုံး အားလုံး အောင်မြင်ကြပါစေခင်ဗျာ.....

Success in Steemit

လေးစားစွာဖြင့်

Yours respectfully

stemit ansoe myanmar no word logo.png

ရေးသားသူ(Author) _

@ansoe (MSC 012)

Soe Naing

Myanmar Steemit Community myanmar steemit community 1x1.png

1-11-2017 ဗုဒ္ဓဟူးနေ့(Wednesday)